part~23

2.9K 117 7
                                    

{Uni}

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_23~~~~❤️

ပွမ် ပွမ်

သူ Lightတို့ခြံရှေ့ရောက်တယ်ဆို ကားဟွန်းတီးလိုက်သည်။သူကားဟွန်းတီးလိုက်တယ်ဆို ခြံတံခါးပွင့်လာပြီး သူတစ်ခါမှ မမြင်ဘူးတဲ့ ပုံစံမျိူးလေးနဲ့ ထွက်လာသည်။သူမက ဂါဝန်လေးဝတ်ထားပြီး ဝတ်ထားတဲ့အရောင်က အနီရဲရဲလေးကို အရှေ့ကဒူးအထက်ထိရှိကာ အနောက်က ခြေမျက်စိလောက်ထိရှည်သည်။လက်ပြတ်လေးဖြစ်ပြီး ရင်ဘက်နားလောက်ထိကဇာလေးနဲ့ဖြစ်သည်။အင်္ကျီဘောင်ဘီးတစ်ဆက်ထဲဝတ်တဲ့သူမလေးက ဒီလိုဝတ်တော့လည်း ချစ်စရာကောင်းသား။သူမအသားအရည်က ဖြူတဲ့ဘက်မရောက်သလို ညိုတဲ့ဘက်လည်း မရောက်တဲ့ အသားရည်လှတဲ့သူမို့ လိုက်ဖက်လှသည်။လည်ပင်းမှာလည်း ဆွဲကြိုးလေးကို စိန်ကလော့သီးလေးတစ်လုံးနဲ့ ဆင်မြန်းထားသည်။ရေလှိုင်းလို့ ဆံပင်လေးကို အရှေ့ကိုတစ်ဝက်ချထားပြီး အနောက်ကိုတစ်ဝတ်ချထားသည်။သူမကတကယ်ကိုလှသည်။

"ပါး"

သူမကို ငေးနေရာမှာ သူမခေါ်သံကြောင့် သတိဝင်ကာ သူသတိဝင်တော့ သူမက ကားပေါ်တောင်ရောက်နေပြီ။သူကတော့ company မှာအစည်းအဝေးထိုင်ရမှာဆိုတာကြောင့် ဝတ်နေကြမဟုတ်ပဲ လက်ရှည်မိုးပြာရောင်ကို နာစ်ကတိုင်နဲ့Style ဘောင်းဘီအနက်နဲ့တွဲဝတ်ထားသည်။

သူမကို သူဝတ်စားထားပုံကိုကြည့်ပြီး....

"Company အစည်းအဝေးထိုင်စရာရှိလို့လား"

"အင်း ဖေဖေတာဝန်ပေးထားလို့လေ သူကတော့သူ့မိန်းမလေး ဆရာမဆုံးလို့ဆိုလား လိုက်သွားတယ်"

"ပါးလည်း အစည်းအဝေးရှိသလို Light လည်း နိုင်ငံခြားကပါတနာတွေလာမှာမို့လေ ဒါပင်မဲ့ ညနေပိုင်းမှပါ"

"ကိုယ်အစည်းအဝေးကလည်း တစ်နာရီမှပါ အခုတစ်နေရာရာမှာ မုန့်ဝင်စားပြီး Hotel လုပ်ငန်းခွင်ထဲသွားကြည့်တာပေါ့"

သူပြောတာကို သူမကခေါင်းငြိမ့်ပြတယ်ဆို ကားမောင်းထွက်လာလိုက်သည်။

"အမူကိစ္စရော ဘယ်တော့စမှာတဲ့လည်း ကိုယ်ဘက်ကသက်သေရှိတယ်ဆိုပင်မဲ့ ကြိုတင်ပြင်ဆင်ရအောင်"

The Sun Of Flower (S2 + S3)Where stories live. Discover now