Chapter 4

2.8K 58 2
                                    


🍭You are my life🍭

Chapter _ 4

"ဘာဖြစ်ကြတာလဲ ညကတည်းကလာမလို့ပဲ....အိမ်မှာသားအမိနှစ်ယောက်ထဲထားခဲ့ရမှာစိတ်မချလို့"

ညက ညီမလေးငိုပြီး ဖုန်းဆက်တာကြောင့် သူပါးစပ်ကသာစိတ်ချတယ်ပြောပင်မဲ့ မနက်မိုးလင်းတယ်ဆို မတို့သားအမိပါခေါ်ပြီး ညီမလေးတို့အိမ်ထွက်လာလိုက်တာဖြစ်သည်။ညီမလေးတို့အိမ်ရောက်တယ်ဆို ဧည့်ခန်းထဲမျက်နာချင်းဆိုင်ထိုင်ပြီး သူမေးလိုက်တော့...

"သူနဲ့မနေချင်တော့လို့ ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ဘာလို့နေရမှာလဲ ကိုကို"

ညီမဖြစ်သူစကားကြောင့် မိုးတိမ်ရောင်ကိုသူကြည့်လိုက်တော့ မိုးတိမ်ရောင်ကပါခေါင်းငြိမ့်ပြတာကြောင့် သူမှာမျက်ခုံးပါပင့်တက်သွားရသည့်အထိ အံ့သြမဆုံး။

"ဘာကစဖြစ်ကြတာလဲ"

"ဒီလိုပါအစ်ကို သူမကိုအစကတည်းကပြောထားကပြီးသားပါ ကလေးမရှိလည်းသူမတစ်ယောက်ထဲရှိရင်ရပြီဆိုတာ အဲ့ကိစ္စနဲ့ဖြစ်ကြတာ ကျွန်တော်စကားပြောလွန်သွာတာ"

နေ ညီမဖြစ်သူကလေးအရူးကြောင်းသိတာမို့ မိုးတိမ်ရောင်ကိုသာ ခြံထဲလိုက်ခဲ့ဖို့မျက်စပစ်ခေါ်ကာ ခြံထဲဆင်းလာလိုက်သည်။

"အစ်ကို ညီမမှာ ကိုယ်ဝန်ရှိနေတယ်"

ခြံထဲရောက်တယ်ဆို မိုးတိမ်ရောင်ဆီကထွက်လာတဲ့စကားကြောင့် ကျောပေးရပ်နေရာကနေလှည့်ကြည့်မိသည်။

"အဲ့တော့မင်းကမလိုချင်ဘူး ပြောလိုက်တယ်မဟုတ်လား....ရလာမှတော့ ကိုယ့်ကလေးပဲလေကြိုဆိုရမှာပေါ့"

"ကျွန်တောသိပါတယ် သူမစပြောတော့သူမအသက်နဲ့တွက်ကြည့်ပြီး စိတ်ပူလို့ပြောထွက်သွားတာပါ"

"ငါမင်းကိုနားလည်ပါတယ် မင်းလိုလည်းငါပြောခဲ့ဘူးတယ် ဒါပင်မဲ့ ပြောခံရတဲ့သူကမတူဘူးကွ....ငါ့မိန်းမကရင့်ကျက်တည်ငြိမ်ပြီး အေးချမ်းသလို ငါပြောတာကိုနားလည်ပေးနိုင်တယ်....ဒါပင်မဲ့ မေလက်ရာက ကလေးဆန်တာ မင်းအသိပဲ"

သူပြောတော့ မိုးတိမ်ရောင်ကခေါင်းငြိမ့်ပြသည်။ယောကျာ်းကချစ်လို့ပြောတာကိုလည်း ကိုယ့်ညီမကနားမလည်တာကြောင့် နားလည်တဲ့သူကိုပဲပြောရသည်။

You've reached the end of published parts.

⏰ Last updated: Nov 18, 2023 ⏰

Add this story to your Library to get notified about new parts!

The Sun Of Flower (S2 + S3)Where stories live. Discover now