part~35

2.7K 94 2
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_35~~~~🦋

ကျွီ....

သူတို့ခွဲခန်းရှေ့မှာစောင့်နေစဥ် ခွဲခန်းတံခါးပွင့်လာပြီး နာစ့်မလေးထွက်လာပြီး....

"လူနာရှင်ဘယ်သူလည်း"

"ကျွန်တော်တို့ပါ"

"ဟုတ်ကဲ့ အခုလူနာကသွေးထွက်လွန်နေပါတယ် အရေးပေါ်သွေးလိုအပ်နေပါတယ်"

နာစ့်မလေးကပြောတယ်ဆို ကို အနောက်ကနေ အရှေ့ကိုတိုးဝင်လာပြီး....

"ကျွန်မသွေးဖောက်ပါ ဆရာမ ကျွန်မခန္တာကိုယ်ထဲကနေ သူ့အတွက်လုံလောက်သလောက်ယူပါနော် "

"ဟုတ်ကဲ့ ခဏလေးပါ ညီမလေးကဘာသွေးလည်း ဟင်သွေးအုပ်စုတူမှသွေးကသွင်းလို့ရမှာ ညီမကဘာသွေးလည်း"

"A သွေးပါ"

နေ သားအတွက်အသည်းသန်ဖြစ်နေတဲ့ လင်းရိပ်ကိုကို ကြည့်ကာ တမင်ခြောက်ချခံရမှန်းသူသိလိုက်ပြီ။သားအတွက်ဒီလောက် ဖြစ်နေတဲ့မိန်းကလေးတစ်ယောက်က သားကိုအသက်အန္တရာယ်ပေးမှာမဖြစ်နိုင်။

"သွေးမတူပါဘူး နော် ညီမလေး "

"ဟင့် မောင်လုပ်ပါဦး သားကို ဟင့် ဟီး"

"မ ခဏလေးစိတ်လျော့ ပြဿနာတစ်ခုစိတ်အေးအေးမထားရင်အဖြေထွက်လာမှာမဟုတ်ဘူး ဆရာမ သားသွေးကဘာသွေးလည်းပြောပါ ဘာပဲဖြစ်ဖြစ် မိဘနှစ်ယောက်ထဲကတစ်ယောက်တော့တူမှာပဲ"

"ဟုတ်ကဲ့ပါ လူနာရဲ့သွေးက Oသွေးပါ"

"ရပါပြီး သားကကျွန်တော်နဲ့တူတယ် သားအတွက်လိုတဲ့သွေး ကျွန်တော်ဆီကယူပါ"

"ဒါဆို ခွဲခန်းထဲလိုက်ခဲ့ပေးပါ"

နာစ့်မလေးကပြောပြီး အရင်ဝင်သွားတယ်ဆို သူ ရင်ခွင်ထဲက မကို မာမီတို့ဆီပေးလိုက်ပြီး...

"မာမီ မကိုကြည့်ထားပေးနော် သားဝင်သွားတော့မယ်"

"သွား စိတ်မပူနဲ့သား"

သူ မကိုတစ်ချက်ကြည့်ကာ ခွဲခန်းထဲကိုဝင်လိုက်သွားလိုက်သည်။ခွဲခန်းထဲရောက်တယ်ဆို ခွဲစိတ်ကုတင်ပေါ်မှာ သားသတိလစ်နေတဲ့အနေအထား။ခေါင်းမှာရော ရင်ဘက်မှာပါသွေးတွေရဲနေတာမြင်မကောင်း။သူလည်းမကြည့်ရက်တော့တာမို့ သွေးထုတ်ဖို့ တစ်ဖက်ကုတင်မှာဝင်လှဲလိုက်ပြီး လက်ကိုနာစ့်ကိုပေးလိုက်တော့ အပ်တွဲကသွေးအိတ်ကို ကုတင်အောက်ခုံမှာတင်ထားသည်။သူစပြီးသွေးထုတ်တယ်ဆို မျက်လုံးကိုမိတ်လိုက်သည်။

The Sun Of Flower (S2 + S3)Where stories live. Discover now