part~60

3.6K 87 2
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~60~~~

1 နှစ်ခန့်ကြာပြီးနောက်~~~

"ဖေ့ !"

သဘာဝ ဖေ့လို့ခေါ်သံကြားတာမို့ လှည့်ကြည့်လိုက်တော့မျက်လုံးတောင်ပြူးသွားရသည်။ကုတင်ပေါ်မှာထိုင်ရပ်လေးခဏလေးထားပြီး သမီးပစ်ဆော့ထားတဲ့ အရုပ်တွေသိမ်းနေတုန်း ကြည့်လိုက်တော့ ကုတင်ပေါ်ကနေဘယ်လိုဆင်းသွားလဲမသိ အလုပ်လုပ်နေတဲ့ ဖအေနားကို ဖေ့လို့ခေါ်ပြီး လေးဘက်ထောက်လေးသွားနေသည်။

နေလည်း သူ့ကို ဖေ့လို့ခေါ်သံလေးကအကျယ်ကြီးမဟုတ်ပင်မဲ့ ကြားရတာကြောင့် လှည့်ကြည့်တော့ သမီးလေးက လေးဘက်ထောက်လျက် သူ့ဆီလာနေတာမို့ သူထိုင်နေရာက ချက်ခြင်းထပြီး ကောက်ချီလိုက်သည်။

"သမီး ဖေ့သမီးက ဖေဖေဆီလာချင်နေတာလာကွာ"

" ခစ် ခစ်"

သူကသမီးလေးကို မြှောက်လိုက်တယ်ဆိုတစ်ခစ်ခစ်ထရီတာကြောင့် သူကထက်ပြီး မြှောက်ပြန်သည်။သဘာဝလည်း ဆော့ပြီး ရီမောနေတဲ့ သားအဖနားလျှောက်သွားကာ....

"သမီး ရေချိူးကြမယ် လာ မေမေဆီ"

"ရာဝူး !"

မလာဘူးပြောပြီးနှုတ်ခမ်းပါတစ်ခါထဲဆူသွားတဲ့သမီးကိုကြည့်ကာ နေ သဘောကျမိပြန်သည်။သမီးဖြစ်သူ ဂျစ်တိုက်တော့မှာလည်းကြိုသိနေသည်။

"Lily! လာနော် "

"ရာဝူးဆို ! ဘိုဖစ်"

စကားကအသက်တစ်နှစ်တောင်မပြည့်သေးဘူး စပြောနေပြီ။သူမကဘာမှမပြောရသေးဘူး ကတ်ကတ်လန်အောင်ပြန်ပြောတာ လီလီပန်းသွေးပေါ့။Lily ပန်းလေးလို ဖြူဖွေးနေတဲ့အသားအရည် နဲ့ စတော်ဘယ်ရီနှုတ်ခမ်းလေးကချစ်စရာကောင်းသလောက် ပြန်ပြောတက်ပုံများ။

"လီလီပန်းသွေး မလာဘူးလား! အေးမလာရင်ငါ့ကငါ့သားပဲငါချစ်တော့မှာ"

မပြောလိုက်တာကို သမီးဘယ်လိုဖြစ်သးမလည်းဆိုတာကြည့်လိုက်တော့ သမီးကမေ့စေ့လေးက သူလက်သေးသေးလေးနဲ့ထောက်ပြီးတစ်ခုခုစဥ်းစားနေပုံပေါက်သည်။

The Sun Of Flower (S2 + S3)Where stories live. Discover now