Part_32~~~~🦋

4.6K 111 4
                                    



🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_32~~~~🦋

"အားးး ပင်ပန်းလိုက်တာ"

မကို အလုပ်ကအပြန်မမိုင်တို့အိမ်ကဝင်ကြိုပြီး အခန်းထဲရောက်ထဲဆို ကုတင်ပေါ်လှဲချလိုပ်သည်။

သူမက ပိုက်ဆံအိတ်ကိုမှန်တင်ခုံပေါ်တင်ကာ...

"ဒီနေ့အလုပ်တွေများလို့လား မောင်"

"အင်းများတယ် လူကိုကိုင်ရိုက်ထားသလိုပဲ Hotel နဲ့ Company တွေကိုမေ့ပြီး အစည်းအဝေးကိုတစ်ရက်ထဲခေါ်ထားလို့တိုင်ပတ်နေသေးတယ်"

သူမကကုတင်ခြေရင်းကနေမက်တက်ရပ်​ပြောနေတာမို့ သူမလှဲနေရာကထိုင်လိုက်ပြီး သူမလက်ကိုဆွဲကာ နှစ်ယောက်လုံးပြန်လှဲချလိုက်သည်။

"အမလေး ! လန့်တာမောင်ရယ် ဖြေးဖြေးလုပ်ပါ"

သူမပြောတာကိုပြုံးကာ သူမနဖူးလေးကိုနမ်းလိုက်ပြီး ရက်ခွင်ထဲထည့်ဖက်လိုက်ကာ..

"မောင့်ပင်ပန်းမူတွေကို ပျောက်ဆုံးစေတဲ့မောင့်ရဲ့အေးချမ်းရာလေး "

ပြောရင်းသူမကို ခြေထောက်ကပါခွထားလိုက်သည်။

"မောင်ရယ်ပင်ပန်းနေရင်လည်း မောင့်သားရှိနေတာပဲ Hotel project ကလည်းသိပ်သွားကြည့်စရာမှမလိုတာ သူကိုဝိုင်းကူခိုင်းပေါ့"

"သူ့ပါသာ လွတ်လွတ်လပ်လပ်နေပါစေမရယ် အခုမှ 20ပဲရှိသေးတာသိပ်ပြီး ဖိအားမများစေချင်ဘူး မောင်တုန်းကလည်း လွတ်လွတ်လပ်လပ်နေခဲ့တာပဲ"

သူမလည်း မောင့်coat ကကြယ်သီးတွေကိုကစားရင် မောင်ပြောတာကိုနားထောင်ကပြုံးမိသည်။မောင်က သူ့ဒယ်ဒီအပေါ်ဆိုးခဲ့ပင်မဲ့ အခုတော့ အဖေတစ်ယောက်အနေနဲ့သူ့သားပင်ပန်းမှာဆိုးလို့နေပါစေဦးတဲ့။

"မောင့်က အဖေကောင်းပီသလိုက်တာ သားသိပ်ကံကောင်းတာပဲမောင့်လို့ ဖအေမျိူးရလို့ ပြီးတော့ သဘာဝအတွက်လည်း မောင်ကခင်ပွန်းကောင်းပဲ"

"မောင့်ချစ်ဇနီးလေးကလည်း မောင့်အတွက်ပါရမီ​ဖြည့်ဖက်ကောင်းပဲ"

The Sun Of Flower (S2 + S3)Where stories live. Discover now