part~40

3K 91 1
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_40~~~~🦋

သူမ ညနေကဖြစ်တဲ့ကိစ္စကြောင့် 12နာရီထိုးတာတောင် အိပ်မပျော်နိုင်ဖြစ်နေရသည်။သူမ အခုစိတ်ဆိုးပြေသွားပင်မဲ့ ချစ်ရတဲ့သူက ဥပက္ခာပြုထားတာမို့ ဝမ်းနည်းရသည်။အမြဲတမ်းစပြီး လက်ထက်တဲ့အချိန်ကတည်းက သူမကို ကလေးတစ်ယောက်လို သူ့ရင်ခွင်ထဲ ထည့်အိပ်တဲ့မောင်က အခုသူမကို ကျောပေးအိပ်နေသည်တဲ့။သူမမျက်ရည်တွေကျကာ ဘေးစောင်းလေးသူ့ကျောပြင်ကိုကြည့်လှဲနေရာမှထပြီး စောင်မခြုံပဲအိပ်နေတဲ့ သူအပေါ်စောင်လေးလွှားပေးလိုက်သည်။စောင်လေးကို ခါးနားအထိခြုံပေးပြီးတယ်ဆို သူမရိုက်လိုက်တဲ့ ပါးပြင်လေးကို သူမသူ့အနားထိုးကာ ကြည့်လိုက်သည်။

"ဟင့် တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး မောင်ရယ်"

သူမ သူ့ပါပြင်လေးကိုလက်လေးနဲ့ ထိယုံလေးလေးကိုင်ကာပြောနေမိသည်။

ဒီလိုဖြစ်ပျက်သွားတာ သူမအိပ်မပျော်သလို နေလည်း အိပ်ပျော်မနေပါ။သူမလက်လေး သူပါးကိုထိတွေ့ပြီး စကားပြောနေကအစ စောင်ခြုံပေးတာတွေပါသူသိသည်။သူရင်ထဲလည်း သူမငိုနေတာကို ရင်နာနေရတာပါ။သူမလေးလုပ်ချင်တာ ပြောချင်တာပြောရအောင်သာ သူအိပ်ချင်ယောင်ဆောင်နေရတာ။

"ဟင့် ဟင့် မောင်သိလား သဘာဝလေ အဲ့စကားတွေကို တစ်ခြားသူပြောရင် ဂရုစိုက်နေမှာမဟုတ်ဘူး ဒါပင်မဲ့ မောင့်ပြောတာမို့ ခံစားရတယ် အရွယ်တွေမငယ်တော့တာ သိတယ် ဒါပင်မဲ့ ဟင့် ဟင့်  ရင့်ကျက်သင့်ပြီဆိုပင်မဲ့ တကယ်နာကျင်နေရတာ ဟင့် ဟင့်"

သူမလေးကဟိုသံကို သူနိုးမှာဆိုးလို့ထင်သည် ပါးစပ်ကလေးကိုလက်တစ်ဖက်နဲ့အုတ်ကာငိုနေရှာသည်။သူညနေကကိစ္စမကျေနပ်သေးတာမို့ ပြန်ချော့ချင်ပင်မဲ့ တင်းခံထားသည်။

သူမမောင်နိုးသွားမှာဆိုးတာမို့ မျက်ရည်တွေကာ မောင်နောက်ကျောမှကပ်လှဲလိုက်ပြီး မောင့်ခါးကိုဖက်ကာ သူကျောပြင်မှာမျက်နာအပ်ကာ မျက်လုံးမိတ်လိုက်သည်။သူမအတွက် သူ့ရင်ခွင်မဟုတ်ရင်တောင် သူ့ကျောပြင်ဆိုတဲ့အသိနဲ့တင် သူမအိပ်ပျော်ဖို့လုံလောက်ပြီ။

The Sun Of Flower (S2 + S3)حيث تعيش القصص. اكتشف الآن