Happy Anniversary Ma

3.6K 95 6
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_6

ကို အလုပ်သွားဖို့ နဲ့ နေလက်ရာကို project ကိစ္စသွားဆွေးနွေးဖို့ အရေးကြီးတာကြောင့် အမြန်ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာလိက်သည်။ကို ကမာမီရှိစဥ်က အဖြူရောင် နဲ့ အပြာရောကို သာဝတ်ဆင်ခဲ့ပင်မဲ့ အခုတော့ အနီရောင်ကိုသာဝတ်ဆင်သည်။ Suit အနီလေးဝတ်ထားပြီး လှိုင်းထနေတဲ့ ဆံပင်လေးတွေကို ဖြန့်ချထားကာ နှုတ်ခမ်းနီ ရဲရဲဆိုးထားသည်။

"အစောကြီးသွားတော့မလို့လား သမီး"

ဒေါ်မေသန္တာ သူတော်ကောင်းယောင်ဆောင် လှေကားကဆင်းလာတဲ့ ကို ကိုမေးလိုက်ပင်မဲ့....

"အရေးကြီး အလုပ်ရှိပါတယ်ဆိုမှ ကျက်သရေကိုမရှိဘူး"

လို့ပြောကာ စလင်ဘတ်လေးကိုလွယ်ကာ အပူတွေပဲရှိတဲ့အိမ်ကထွက်လာကာ ကားပါကင်ထိုးထားတဲ့အထဲက သူမအကြိုက်ဆုံးဆိုတာထက်ချစ်ရတဲ့မာမီ ဝယ်ပေးထားတဲ့ B&W ကားအနက်လေးပေါ်တက်ကမောင်းထွက်လာလိုက်သည်။

သူမဘဝမှာ မာမီရှိခဲ့အချိန်ထိတာ နိဗ္ဗာန်ဘုံဖြစ်ခဲ့ပင်မဲ့ ဒီ2နှစ်ကတော့ တကယ်ကိုငရဲခန်းထဲရောက်နေသလိုပူလောင်ရပါသည်။မာမီကပဲ ဒယ်ဒီ ဒီလိုလုပ်မယ်ဆိုတာသိလို့လားမသိ သူမမွေးနေ့ မတိုင်ခင် လပိုင်းတွေကတည်းက ရင့်ကျက်ဖို့ ရဲရင့်ဖို့ ဘယ်သူနိုင်တာမှမခံဖို့ကို အသက်မထွက်ခင် အချိန်ထိကိုမှာသွားခဲ့သည်။သူမ တွေးရင်းမျက်ရည်ဝဲလာတာကြောင့် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကားကိုအာရုံစိုက်ပြီးမောင်းနေလိုက်သည်။

"သမီး မနေ့ညကပြန်ရောက်တာ 12ခွဲနေပြီနော်"

ရှိုင်းထက်မြတ် တူမဖြစ်သူညနက်မှပြန်လာတာကြောင့် မဆူစဖူးဆူရတော့သည်။တူမလေးတစ်ယောက်ထဲရှိလို့ အလိုလိုက်ထားတာကို ဒီလိုအဆင့်ထိဖြစ်လာတော့သူလက်မခံ။

"အန်ကယ် သမီးအရေးကြီးကိစ္စရှိလို့ပါ တောင်းပန်ပါတယ်"

"အခုမှလူလိမ္မာလေးလုပ်မနေနဲ့ လွှာလေးကိုအန်ကယ်ထိန်းကျောင်းလာတာ ဘာပုံစံရှိတယ်ဆိုတာသိပြီးသား"

The Sun Of Flower (S2 + S3)Where stories live. Discover now