part~4

4K 128 7
                                    

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

⚠️Warning⚠️{ဆဲဆိုတာတွေပါတာမို့ မိဇူးကန့်သတ်ချက်လွှတ်အောင်လို့ပါ}

Part_4

ကျွီး....

သူတက္ကသိုလ်ဝန်းထဲရောက်တယ်ဆို ကားပါကင်ထိုးတဲ့နေရာမှာကားကိုရပ်လိုက်ပြီး ကားပေါ်ကဆင်းလိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းမြည်လာတာကြောင့် ထုတ်ကာ ကိုင်လိုက်သည်။

"Hello ဖေဖေ"

"သား ကျောင်းရောက်ပြီလား "

"ဟုတ်ဖေဖေ သားလေ့လာထားပါတယ် သားလမ်းမမှားတော့ပါဘူး"

"အေးပါကွာ "

"ဟာ ဖေဖေ ဗျာ ဒါပဲနော်သား အန်တီလေးကိုသွားရှာလိုက်ဦးမယ်"

"ဟုတ်ပါပြီ ကွာ"

ဖေဖေ ဖုန်းချသွားမှ အန်တီလေးအတွက်ဝယ်လာတဲ့ စားစရာအထုတ်တွေကို ကားထဲကထုတ်ကာ ကားပါကင်ကနေထွက်လာလိုက်သည်။သူ ရှာနေရင်းနဲ့ တစ်နေရာအရောက်မှာ ဖိုးဖိုးတို့ကိုတွေ့လိုက်တာကြောင့် ပြေးသွားလိုက်သည်။

လက်ရာက မြေးဖြစ်သူကိုတွေ့တာကြောင့်...

"မြေး "

"ဘွား "

"သားက သားအန်တီလေးဆီလာတာလား"

"ဟုတ်တယ် ဘိုး ဖေဖေကိုမေးပြီးတာလာခဲ့တာ အန်တီလေးကိုမတွေ့တာကြာပြီးဆိုတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့လဲမှတ်မိကြမှာမဟုတ်ဘူး"

"သား အန်တီလေးကအဆောင်က ပစ္စည်းတွေ luggage နဲ့ သွားထည့်နေတယ်လေ သားပြန်ရောက်နေလို့ အိမ်ကနေပဲကျောင်းတက်မလို့တဲ့"

"ဗျာ တကယ်ကြီးလား ဘွား"

လက်ရာမြေးဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်သည်။ရုပ်ရည် ကအစ ဝတ်စားဆင်ယင်ပုံကအစ သားနဲ့တစ်ပုံစံထဲ။အခုလဲ နက်ပြာShirt လက်ရှည်နဲ့ ဘောင်းဘီအတိုအဖြူကိုတွဲဖက်ဝတ်ထားသည်။အကျင့်စရိုက်ကလဲအကုန်တူ မတူတာဆိုလို့ သားကရန်ပွဲတိုင်းသူပါပင်မဲ့ မြေးကတော့ အနေအေးက တော်ယုံဆိုစကားတောင်ပြောတာမဟုတ်။သူများအမြင်မှာတော့ချေတာပေါ့။

The Sun Of Flower (S2 + S3)Where stories live. Discover now