part~58

3.2K 68 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~58~~~

"အင့် "

နေမှာ သူမကိုယ်ဝန်လွယ်ကတည်းက ညဘက်ဆို အိပ်တဲ့အချိန်နည်းလာရသည်။သူမလေးကသူအိပ်ရေးပျက်အောင်လုပ်တာလားဆိုတော့မဟုတ်။သူကိုယ်တိုင်ကသူအိပ်နေတဲ့အချိန်သူမတစ်ခုခုဖြစ်မှကြောက်လို့ပင်။အခုလည်း သူမဆီကညည်းသံလေးထွက်လာတယ်ဆို အလုပ်စားပွဲမှာထိုင်နေရာကချက်ခြင်းထလာကာ အိပ်နေတာမသက်မသာဖြစ်နေတာကြေညင့် မျက်ရည်ကဝဲချင်လာရသည်။သူရဲ့ ခေါင်းဦးကိုယူကာ မရဲ့ခြေထောက်လေးအောက်ခံပေးလိုက်ပြီး ဘေးတစ်ဖက်ဆီခံဖို့အတွက် အဝတ်လဲခန်းထဲကို ပြေးရပြန်တဲ့သူ။အဝတ်လဲခန်းထဲဝင်ပြီး ခေါင်းဦးအပိုတွေထားတဲ့ထဲက 3လုံးကို ယူကာပြန်ထွက်လာသည်။

နေ မရဲ့လက်လေးနှစ်ဖက်အောက်မှာခေါင်းအုံးတစ်လုံးစီခံပေးလိုက်ကာ အိပ်ရတာအဆင်ပြေအောင်လုပ်ရသည်။သူ ပင်ပန်းနေရှာတာတဲ့ သူ့အမျိူးသမီးလေးကိုကြည့်ကာတစ်ခုတွေးမိလာရသည်။ဘာကြောင့်လောကာကြီးက ယောကျာ်း နဲ့ မိန်းမ ယှဥ်လာရင် အားနည်းတဲ့မိန်းကလေးတွေရွေးပြီး နာကျင်မူပေးရတာလဲ။ယောကျာ်းနဲ့ အတူနေရင်တောင် သာယာမူကယောကျာ်းတွေရပင်မဲ့ မိန်းကလေးဘက်ကတော့ နာကျင်ရတယ်။ကလေးကြတော့လည်း ဘာလို့အားနည်းတဲ့အမျိူးသမီးကိုပဲလဲ။ဒါကမိန်းမတိုင်းဆိုပင်မဲ့ သူ့ဇနီးကိုမြင်နေရတာ သူတစ်စက်မှစိတ်မချမ်းသာ။

"မောင် ဟင့်"

"မ မောင်ရှိတယ်နော် မောင့်မိန်းမနားအမြဲရှိတယ်"

ဒါကထယောင်တာမှန်းသိပင်မဲ့ သူလက်နဲ့ ပါးစပ်ကတော့ သူမလေးအတွက်စိတ်ပူနေမူကာ သူကိုယ်တိုင်တောင်ထိန်းချူပ်လို့မရတဲ့အထိကို သူစိတ်တင်မဟုတ်ပဲ ခန္တာကိုယ်ကပါသူမလေးကို ချစ်နေတာပင်။သူမ ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး သူလည်း မဘေးတစောင်းလေးဝင်လှဲလိုက်ကာ လက်တစ်ဖက်ကလည်း ဗိုက်လေးကိုဖွဖွလေးကိုင်ထားသည်။

"သား မွေးတုန်းကတစ်ယောက်ထဲ တော်တော်ခက်ခဲခဲ့မှာ အဲ့တာတွေတွေးမိလေ ရှိုင်းထက်မြတ်ကို မောင်ခွင့်မလွှတ်နိုင်လေပဲ ဒါပင်မဲ့ အဲ့ကောင်ကို ဒုက္ခပေးပြီးလို့ ခင်များလေးမပျော်ရင်အလကားပဲ"

The Sun Of Flower (S2 + S3)Où les histoires vivent. Découvrez maintenant