part~44

3.1K 90 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_44~~~~🦋

"နေ အစ်မတကယ်ကျေးဇူးတင်ပါတယ် သမီးလုပ်ရက်အတွက်လည်း တောင်းပန်ပါတယ်"

မိုင် သမီးဖြစ်သူကိုအမူကလွှတ်အောင် လုပ်ပေးတဲ့နေကို ကျေးဇူးတင်ကြောင်းပြောကာ တောင်းပန်နေတဲ့။

နေ တကယ်တော့ ခြယ်လေးကိုအမူကနေလွှတ်ဖို့ စဥ်းစားနေရင်း လင်းရိပ်ကို ကို အဲ့မိန်းမလွှဲချတာကို သတိရသွားကာ အဲ့မိန်းမလုပ်တဲ့နည်းလမ်းအတိုင်း လုပ်ဖို့စဥ်းစားမိကာ ရဲမှူးဆီကခွင့်တောင်းပြီး တရားခံတွေကို တွေ့ကာ ပိုက်ဆံနဲ့ အလုပ်လုပ်လိုက်တာ အပစ်တွေအဲ့မိန်းမပေါ်အကုန်ပုံချလိုက်တာကြောင့် ခြယ်လေးအမှုကနေဘာမှမသိတဲ့ အနေအထားနဲ့ လွတ်လာရသည်။နေ ရဲစခနကနေ အခုအိမ်တောင်ရောက်နေပြီ တောင်းပန်နေတဲ့ ကိုအံ့တို့ လင်မယားကို....

"ကိုအံ့ ရော မမိုင်ရောတော်ပါတော့ဗျာ ကျွန်တော်တို့စိတ်လည်းမဆိုးဘူး ဘာမှမဖြစ်ဘူး ပြီးတော့ အစ်ကို ကျေးဇူးတွေက ကျွန်တော်အပေါ်မှာနည်းတာမဟုတ်ဘူး အရင်တုန်းက ကျွန်တော်ထောင်ထဲရောက်တဲ့အခါတိုင်း ဒယ်ဒီတို့ထက် အစ်ကိုပဲဖြေရှင်းခဲ့တာ အဲတာတွေနဲ့ယှဥ်ရင် ဘာမှမဖြစ်သေးဘူး"

"အင်း ဒါတော့ဒါပေါ့ကွာ သမီးကိုလည်း နေတစင်းကို လာတောင်းပန်ခိုင်းဦးမယ် တကယ်တွေးလေစိတ်တိုလေပဲ ဘယ်ကအကျင့်တွေတက်လာလည်းမသိဘူး ကွာ"

"ခြယ်လေးကို လာတောင်းပန်ခိုင်းမနေပါနဲ့ အစ်ကို ဘာလို့ဆို ဒီကိစ္စကို မောင်ရော သဘာဝရော သားကိုပေးသိဖို့မဖြစ်နိုင်ဘူး ဒီအတိုင်းပဲ ကလေးတွေသွားပါစေ မဟုတ်ရင် အိမ်ကကောင်ကလည်း စိတ်ခုသွားရင်မကောင်းဘူး"

သဘာဝပြောတာက လူငယ်တွေစိတ်သိတာမို့ပြောပြတော့ မောင်ရော ကိုအံ့တို့ရောလက်ခံကြသည်။လူငယ်တွေက စိတ်ခုစရာရှိရင် အညှိးထားတက်တာမို့ ပြဿနာကိုမကြီးစေချင်တာမို့ဖြစ်သည်။

"ဟိုကောင်"

နေတို့စကားပြောနေစဥ် သူ့ကိုဟိုကောင်လို့ခေါ်ပြီး ဝင်လာတဲ့ ငြိမ်းထက်တို့ 3ကောင်။လူဘယ်လိုစုံပြီး သူဆီလာကြလည်းမသိ။အဲ 3ကောင်ကသူတို့ရဲ့ ထောင့်က ဆိုဖာမှာဝင်ထိုင်ကြသည်။

The Sun Of Flower (S2 + S3)Where stories live. Discover now