Season 3_Chapter_1

3.5K 103 6
                                    


🍭You are my life🍭

Chapter _ 1

လင်း အိပ်ရာကနိုးတယ်ဆို ကုတင်ပေါ်ကနေဆင်းက အပြိုင်အိပ်နေကြတဲ့ပါးတို့ 3ယောက်ကို ကြည့်ကာပြုံးလိုက်သည်။ပါး နဲ့ဖူးစာပါပေးတဲ့ကံကြမ္မာကိုလည်း သူမကျေးဇူးတင်သည်။ဒီလူသားကြောင့်သာ ပျော်ရွှင်မူအစစ်အမှန်ကို သိခဲ့ရတာမဟုတ်လား။ဒီနေ့သူမစောစောထနေရတာက English ကျောင်းကိုပို့ထားတဲ့ သားကလည်းပြန်ရောက်နေတာကြောင့်ဖြစ်သည်။ပြန်ရောက်နေတဲ့သားဆိုတာက တစ်ခြားသူတော့မဟုတ် သူမ နဲ့ ပါး လက်မထပ်ခင်ကတည်းက ဂေဟာကနေမွေးစားထားခဲ့တဲ့ကလေးဖြစ်သည်။သားကိုတော့ပါးက အရင်ဂေဟာမှာရှိတဲ့နာမည်အတိုင်းထားရင် ကြီးလာတဲ့အခါ သားကို သူများလက်ညှိုးထိုးမှာဆိုးလို့တဲ့ *နေမင်းမာန်ဟုန်*ဆိုပြီးအမည်ပြောင်းလဲပေးခဲ့သည်။

ဒီနေ့လည်း သားပြန်ရောက်တုန်းသူမတို့ သားကိုမွေးစားထားတာကို နေလက်ရာကမိသားစုတွေကိုတစ်ယောက်မှမပြောရသေးတာကြောင့် မနေ့ကတည်းကသွားပြောကြမယ်လို့ဆုံးဖြတ်ကာ ပါးနဲ့တိုင်ပင်တော့ ပါးကသူမသဘောဆိုပြီးပြောသည်။

ဒေါက် ဒေါက်

သူမသားအကြောင်းတွေးရင်းလျှောက်လာတာ သားအခန်းရှေ့ရောက်တယ်ဆို တံခါးခေါက်လိုက်တော့ ချက်ခြင်းတံခါးဖွင့်လာသည်။သားက 9 နှစ်ကျော်လေးရှိသေးပင်မဲ့တအားသိတက်လွန်းတဲ့ကလေးပင်။အခုလည်း ဒုတိယအမွှာကိုယ်ဝန်လွယ်ထားတဲ့သာဗိုက်လေးကြည့်ကာ သားကမျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူမကို.....

"မေမေ သားသားကနိုးနေတာကြာပါပြီ မျက်နာလည်းသစ်ပြီးပြီ....နောက်ဆိုသားကိုလာမနိုးပါနဲ့နော် မေမေဗိုက်ထဲက သားညီမလေးတွေ မေမေချောလဲရင် နာသွားကြမှာ"

"အာ မေမေသားလေးကအရမ်းလိမ္မာတာပဲ အဲ့တာကြောင့် ပိုချစ်နေရတာ....ဒါဆိုမေမေကိုတွဲကူပြီး ထမင်းစားခန်းလိုက်ပို့ဦး ညီလေးတွေအတွက် ပြင်ဆင်ထားတာတွေသွားကြည့်မို့"

ပြောတော့ သူ့အခန်းတံခါးကိုသေချာပြန်ပိတ်ပြီးမှ သူမလက်လေးကိုတွဲရင်း အောက်ထပ်ကိုသားအမိနှစ်ယောက်အတူတူဆင်းလာလိုက်သည်။သူမတို့သားအမိထမင်းစားခန်းထဲရောက်တယ်ဆို ကြားလိုက်ရတဲ့အသံကို ဒယ်ဒီ နဲ့ သူ့မိန်းမရဲ့ *သမီးလေးထောင်ကလွတ်တော့မယ်*တဲ့လေ။သူမ မေ ထောင်ကလွတ်တော့မယ်ဆိုတာကြောင့် အိမ်မှာပြဿနာတွေပြန်စတော့မှာလားတွေးနေခိုက် သားက သူမလက်လေးကိုလှုပ်တာကြောင့် သူမအတွေးဖျက်ကထမင်းစားပွဲနားသွားလိုက်ရင်း ထမင်းပွဲပြင်နေတဲ့ သူမပထမကိုယ်ဝန်လွယ်ထားကတည်းက ခေါ်တာတဲ့မိန်းကလေးနှစ်ယောက်ကို.....

The Sun Of Flower (S2 + S3)Where stories live. Discover now