part_3

4.5K 128 3
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_3

"ဒေါက် ဒေါက် ဒေါက်"

နေညနေစောင်းတော့မှာမို့အလုပ်တွေလက်စသတ်နေတုန်း တံခါးခေါက်သံကြားတာကြောင့်....

"ဝင်ခဲ့"

ကျွီး.....

"CEO ခရီးသွားဖို့အတွက်ဆွေးနွေးဖို့ ရောက်နေပါတယ်"

"အင်း ဝင်လာခိုင်းလိုက် ဧည့်သည်အတွက် Coffee နဲ့ မုန့် ယူခဲ့ပေး"

"ဟုတ်ကဲ့"

Manager ထွက်သွားတယ်ဆို အခန်းထဲလူတစ်ယောက်ဝင်လာတာကြောင့် သူကြည့်လိုက်တော့ သားအရွယ်လောက်သာရှိသေးသည့်မိန်းကလေး။

လွှာ သူမအရှေ့ကမြင်လိုက်ရတဲ့ လူကြီးကြောင့် ရင်ဘက်ထဲမှာလဲတဒိတ်ဒိတ်။ချောလိုက်တာ သူမဘဝမှာမြင်ဖူးတဲ့သက်တူရွယ်တူတွေထက်ကို သူမရှေ့ကလူကြီးကပိုသာပါသည်။

နေ သူ့ကိုကြည့်နေတဲ့မိန်းကလေးကို..

"ထိုင်ပါ"

"ဟုတ်ကဲ့ လူကြီး"

နေသူ့ကို လူကြီးလို့ခေါ်လိုက်တာကြောင့်မျက်မှောင်ကုတ်ကာ...

"ဘယ်ခရီးအတွက်စီစဥ်ပေးရမှာလဲ ဘယ်တော့လဲ လူဘယ်နှစ်ယောက်ပါမှာလဲ"

".........."

"ဒီမှာ မင်းကိုငါမေးနေတယ်လေ လာကစားတာဆိုရင်ပြန်တော့ ငါ့မှာအချိန်မရှိဘူး"

သူမေးတာကိုပြန်မဖြေလို့ဒေါသထွက်စပြုလာတဲ့တည်ကြည်တဲ့ လူကြီးရဲ့ မျက်နာကပိုလိုတောင်ကြည့်ကောင်းနေသေးသည်။လူကြီးရယ် လွှာနှလုံးသားလေးကိုတွေ့တွေ့ချင်းပြုစားရက်နိုင်တယ်။

"ဟုတ် လူကြီး ခရီးကနောက်တစ်ပတ်ထွက်မှာပါ မြန်မာပြည်အနှံပါ ကချင်ပြည်နယ်မှာလည်း တောင်တက်ဖို့ပါရှိဦးမှာပါ'

"အင်း Hotel ကတော့ NayLatYar Hotel ခွဲတွေမှာကြိုတင်ဘိုကင်တင်ထားပေးမယ် ကျန်တဲ့ကိစ္စကတော့ company ကဝန်ထမ်းတွေစီစဥ်ပေးလိမ့်မယ် သွားမဲ့အချိန်အတိအကျကို တစ်ရက်ကြိုပြီး company ကိုဖုန်းဆက်ပါ"

The Sun Of Flower (S2 + S3)Where stories live. Discover now