part~30

3.1K 104 4
                                    

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_30~~~~🦋

"ဟင့် ဟင့် ဟင့် ဟင့်"

သူနဲ့ သူမ ဂေဟာမှပိုက်ဆံလှူပြီး လျှောက်ကြည့်ဖို့အပြင်ထွက်လာတော့ ကလေးငိုသံကြားတာကြောင့် လျှောက်ကြည့်လိုက်တော့ ဒန်းပေါ်ထိုင်ငိုနေတဲ့ကလေးလေး။သူနဲ့ သူမတစ်ယောက်မျက်တစ်ယောက်ကြည့်ကာ ကလေးလေးနားလျှောက်သွားပြီး....

"ကလေးလေး ဘာဖြစ်လို့ငိုနေတာလည်း ကွာ"

"သား ကဘာလို့ငိုတာလည်း မုန့်ဖိုးလိုချင်လို့လား"

သူမမေးမှပိုငိုကာ မျက်နာလေးမော့လာပြီး....

"ဟင့် သားမုန့်ဖိုးလည်းမလိုချင်ပါဘူး သားလိုချင်တာကလည်း မဖြစ်နိုင်ပါဘူး ဟင့် ဟီး"

"ဘာလို့မဖြစ်နိုင်ရမှာလည်း ကွ ပြောသားလို့ချင်တာပြောကြည့် အစ်ကိုမရရအောင်လုပ်ပေးမယ်"

"သားလိုချင်တာက ဖေဖေ နဲ့ မေမေ ဒီကိုအလှူလာလုပ်တဲ့ မိသားစုလေးလိုမျိုးနေချင်တာ သားကဘာအပြစ်ရှိလို့ ပစ်သွားရတာလည်း ချစ်ဖို့မကောင်းလို့လား ဟီး သူများတွေမိဘတွေနဲ့အတူလာရင် သားအရမ်းငိုချင်တာ ဟီး ဟီး...."

ကလေးဆီကစကားကြားရပြီးနောက် နှစ်ယောက်လုံး စိတ်မကောင်း။သူတောက်မျက်ရည်ဝိုင်းလာတာ သူမကိုကြည့်လိုက်တော့ မျက်ရည်တွေကကျနေသည်။သူမက ပိုနားလည်မှာပေါ့ မိဘမဲ့ တစ်ယောက်ရဲ့ခံစားချက်ကို။

"သား ကျောင်းတက်ရင်မိဘနာမည်မေးရင် ဘယ်လိုဖြေရမှာလည်း ဟင့် ဟီး"

ကလေးတစ်ယောက်နဲ့မလိုက်ဖက်အောင်ခံစားနေရတဲ့လောကဓံရဲ့ရိုက်ချက်ကပြင်းထန်လွန်းပါသည်။သူမလည်း ကလေးရဲ့စကားတွေနားထောင်ပြီး ရင်ဘက်ထဲမှာလည်း ကိုယ်ကဒယ်ဒီရှိတယ်ဆိုပင်မဲ့ ပစ်ထားမှတော့ ဒီကလေးနဲ့ ဘဝတူပင်။မာမီကိုဆုံးရှုံးလိုက်ရခြင်းဟာ ဒယ်ဒီကိုပါတစ်ခါထဲဆုံးရှုံးလိုက်တယ်ဆိုတာသူမသိသည်။

"မင်းနာမည်ဘယ်သူလည်း အစ်ကိုကိုပြောပါဉီး"

"နေရဲရင့်"

The Sun Of Flower (S2 + S3)Where stories live. Discover now