Book(80)Ch - 1095 - 1097

817 18 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 80

Chapter-7

(ချွမ်ရှင်းကျိ ခေါင်းကိုက်ရခြင်း)

တည်ငြိမ်နေသောရေပြင်ထဲသို့   ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလို ဖြစ်သွားခဲ့သည်။

ဆေးလုံးကိုစားသုံးပြီးနောက် တစ်နာရီမပြည့်မီမှာပင် လုဝူ၏ ဇနီးက ပြန်လည်သက်သာလာခဲ့သည်။

သူက သူ၏ဇနီးကို  ကောင်းကင်ဘုံသူတော်စင်ကွင်းပြင်သို့ ခေါ်လာခဲ့ပြီး ယီယွမ်ကို အရိုအသေပေးကာ   ကျေးဇူးတင်စကားပြောဆိုခဲ့၏။

ယီယွမ်က ဤလင်မယားကို ဖျောင်းဖျစကားများ ပြောဆိုခဲ့ပြီးမှ ထိုစုံတွဲက ထွက်ခွာသွားခဲ့ကြသည်။

ဤသို့ဖြင့် လူအများအပြားက တည်ငြိမ်နိုင်ခြင်းမရှိတော့ပေ။

မှော်ဆေးပညာရှင်အစည်းအရုံးမှ မှော်ဆေးပညာရှင်များက အလွန်မာနကြီးသူများ ဖြစ်ကြ၏။ သူတို့က အရှင်ချင်ယန်ကျိကဲ့သို့ လူအများနှင့် နီးနီးကပ်ကပ်နေထိုင်ပြီး ဆေးလုံးဖော်စပ်ရန်အတွက်  တောင်းဆိုခွင့်ပြုရန် မည်သို့ဖြစ်နိုင်မည်နည်း။

ပို၍ အရေးကြီးသည်မှာ အရှင်ချင်ယန်ကျိက ဆေးလုံးဖော်စပ်မှုအတွက် အခကြေးငွေ လုံးဝမယူသည့်အပြင် ဝိညာဥ်ဆေးပင်များကိုပါ စိုက်ထုတ်ပေးခဲ့ပေသည်။

ဤသို့သောအခွင့်အရေးမျိုးကို မည်သည့်နေရာ၌ သွားရှာရမည်နည်း။

"ကျုပ်က အဆင့်(9)ဆေးလုံးဖြစ်တဲ့ အသက်သုံးခု နက်နဲခြင်းတံခါးဆေးလုံးကို ဖော်စပ်ချင်ပါတယ်… ဝိညာဥ်ဆေးပင်တွေအားလုံးလည်း စုဆောင်းပြီးသွားပြီ… ဒါပေမဲ့ မှော်ဆေးပညာရှင်အစည်းအရုံးရဲ့ မှော်ဆေးပညာရှင်အင်ပါယာ တောင်းဆိုတဲ့ အခကြေးငွေကို ကျုပ်က မတတ်နိုင်ပါဘူး….."

"ကျုပ်ရောပဲ… ကျုပ်ရဲ့  အင်မော်တယ်တေးသွား ဝိညာဥ်ပြန်ခေါ်ဆေးလုံးကို ဖော်စပ်ဖို့အတွက် ဝိညာဥ်ဆေးပင်တွေ ရှာဖွေစုဆောင်းရတာနဲ့တင် ကျုပ်ပိုင်ဆိုင်တဲ့စည်းစိမ်တွေ ကုန်ဆုံးသွားခဲ့တဲ့အပြင် အသက်ပါဆုံးရှုံးရမလို ဖြစ်သွားခဲ့တယ်… မှော်ဆေးပညာရှင်အစည်းအရုံးရဲ့ အဲဒီဆရာကြီးတွေက အခကြေးငွေရဖို့ပဲ အလေးထားနေမယ်လို့ ဘယ်သူကထင်ထားမှာလဲ….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now