1501 - 1503

91 5 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 107

Chapter-4

(နတ်မီးလျှံ ငှားရမ်းအသုံးပြုခြင်း)

"ဆေးဘိုးဘေး ဟုတ်လား… ဆေးဘိုးဘေးက ဘယ်သူလဲ… သူက တာအိုဘိုးဘေးတွေထဲက တစ်ယောက်လား….."

ယီယွမ်က ဤနာမည်ကိုကြားချိန်တွင် သူ၏နှလုံးသားက အလိုအလျောက် လှုပ်ရှားသွားခဲ့ပြီး သူ၏စိတ်မှတစ်ဆင့် အမှုန်မဲ့နှင့် စကားပြောဆိုလိုက်သည်။

အမှုန်မဲ့က ပြောဆိုခဲ့၏။ "ဆေးဘိုးဘေးက တာအိုဘိုးဘေးတစ်ယောက် မဟုတ်ဘူး… ဒါပေမဲ့ ကောင်းကင်တံတားကမ္ဘာကြီးမှာ သူ့ရဲ့အဆင့်အတန်းက တော်တော်လေးမြင့်တယ်… သူက ကောင်းကင်တံတားကမ္ဘာကြီးရဲ့ မှော်ဆေးပညာလောကမှာ ပထမဆုံးဘိုးဘေးလို့ ပြောလို့ရတယ်… ကောင်းကင်တံတားကမ္ဘာကြီးက မှော်ဆေးပညာရှင်တွေရဲ့ အိမ်မှာ သူ့ရဲ့ အမှတ်အသားကျောက်ပြားကို ပူဇော်ကန်တော့လေ့ရှိတယ်….."

ယီယွမ်က အံ့ဩစွာ ပြောဆိုလိုက်သည်။ "အဲဒီလိုလူတစ်ယောက် တကယ်ရှိနေတယ်ပေါ့… သူက ခွင့်ပြုချက်မရှိဘဲ သူ့ကိုယ်သူ ဆေးဘိုးဘေးလို့ သတ်မှတ်နေတယ်… တာအိုဘိုးဘေးကိုးယောက်က အဲဒါကို မစစ်ဆေးဘဲ ခွင့်ပြုထားခဲ့တာလား….."

အမှုန်မဲ့က ပြုံး၍ ပြောဆိုခဲ့၏။ "တာအိုဘိုးဘေးကိုးယောက်က ကမ္ဘာကြီးရဲ့ ပုံမှန်အတွေးအမြင်တွေ အထက်ကို ရောက်နေကြလို့ ပုံမှန်ဆိုရင် ကောင်းကင်တံတားကမ္ဘာကြီးရဲ့ ကိစ္စတွေကို ဂရုမစိုက်တော့ဘူးလေ… ပြီးတော့ ဆေးဘိုးဘေးရဲ့ အနေအထားက တကယ်ကို ထူးခြားလွန်းတယ်… တာအိုဘိုးဘေးကိုးယောက်က မိုးကောင်းကင်တာအို ဥပဒေသ နယ်ပယ်တစ်ခုကို ထိန်းချုပ်နိုင်လို့ ပြိုင်ဖက်ကင်းတဲ့ တည်ရှိမှုတွေ ဖြစ်လုနီးပါးပဲ… မှော်ဆေးပညာတာအိုရဲ့ အစွမ်းအထက်ဆုံးလူ ဆေးဘိုးဘေးက မိုးကောင်းကင်တာအို ဥပဒေသ နယ်ပယ်ကို မထိန်းချုပ်နိုင်ဘူးလေ… ဒါပေမဲ့ သူ့ရဲ့စွမ်းအားကို တာအိုဘိုးဘေးအားလုံးက အသိအမှတ်ပြုထားခဲ့တယ်… ဒါပေါ့… ဆေးဘိုးဘေးအကြောင်း မပြောနဲ့ဦး… ကောင်းကင်အင်ပါယာ ထိပ်ဆုံးအဆင့် ပုဂ္ဂိုလ်တစ်ယောက်ကတောင် ငါတို့တွေ ခန့်မှန်းပြောဆိုနိုင်တဲ့ တည်ရှိမှုတစ်ခု မဟုတ်ဘူး….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now