Book(89)Ch 1-3(or)Ch 1225 - 1227

95 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(89)

Chapter-1

(ဆန်းကြယ်ဂိတ်၏ အစွယ်များ)

"ဟားဟားဟား… ယီယွမ်… ငါတို့က တိုက်ပွဲထဲကို ဝင်ရောက်လာတဲ့ရည်ရွယ်ချက်က အဲဒီအမှိုက်လိုအသုံးမကျတဲ့ လူတွေကြောင့်လို့ မင်းကထင်နေတာလား… ငါတို့ရဲ့မူလရည်ရွယ်ချက်က မင်းပဲလေ….."

ဖင်းဂေါ့ကျားလန်က ကျယ်လောင်စွာရယ်မောလိုက်၏။ ယီယွမ်က ပြင်းပြင်းထန်ထန် ဝန်းရံခံထားရသော အခြေအနေသို့ ရောက်ရှိနေခဲ့၍ သူ၏စိတ်ထဲတွင် အလွန်အားရကျေနပ်နေခဲ့သည်။

သူက ယီယွမ်၏ လက်ထဲတွင် အကြီးအကျယ် ဆုံးရှုံးမှုများကို ဆက်တိုက်ခံစားနေခဲ့ရ၍  ယီယွမ်ကို အသက်ရှင်ရက် အရေခွံဆုတ်ကာ  စားသောက်ပစ်လိုသည်အထိ အရိုးစွဲအောင် မုန်းတီးနေခဲ့၏။

ဤတစ်ကြိမ်တွင် သူစောင့်စားနေခဲ့ရသော အခွင့်အရေးကို  ရရှိလာခဲ့ပြီဖြစ်သည်။

ယီယွမ်က မျက်မှောင်ကုတ်၍ ပြောဆိုလိုက်၏။ "ဒါဆိုရင် ခန်အိုရဲ့လက်အောက်မှာရှိတဲ့ နောက်လိုက်ခွေးတွေက မင်းတစ်ယောက်တည်း မဟုတ်ဘူးပေါ့….."

ကျားလန်၏မျက်နှာမှ အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး သူက ဒေါသတကြီး ပြောဆိုလိုက်သည်။ "မင်းရဲ့ အဲဲဒီပါးစပ်ကို အပိုင်းပိုင်းပြတ်အောင် ဒီအရှင်က သေချာပေါက် ဆွဲဖြဲပစ်မယ်… အရှင်နှစ်ပါးရဲ့လက်အောက်မှာ မဟာဖင်းဂေါ့ခြောက်ယောက် ရှိတယ်… ဒီတစ်ကြိမ်မှာ မင်းအတွက် မဟာဖင်းဂေါ့ ခြောက်ယောက်စလုံးက လှုပ်ရှားလာခဲ့တယ်… ကောင်လေး… မင်းက ဒီတစ်ကြိမ်တော့ မင်းရဲ့အဆုံးသတ်ကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး….."

အဝေးတွင် နောက်ထပ်လူသုံးယောက် ထပ်မံထွက်ပေါ်လာခဲ့သည်။

ထိုဖင်းဂေါ့သုံးယောက်က အဝေးမှနေ၍သာ ဤအတိုင်းရပ်ကြည့်နေခဲ့ပြီး လာရောက်ကူညီပေးရန် ရည်ရွယ်ချက်မရှိသည့်ဟန် ပေါ်လွင်နေခဲ့၏။

ယီယွမ်က မျက်ခုံးအနည်းငယ်ပင့်၍ ပြောဆိုလိုက်သည်။ "ကြည့်ရတာ စုန်းအိုမကြီးယွဲ့ကျိက ခန်အိုနဲ့ ပူးပေါင်းသွားတာနဲ့တူတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now