Ch 1335 - 1337

95 4 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 96

Chapter-4

(ရောင်စဥ်ကြည့်ကိရိယာ ပျက်စီးခြင်း)

လော့ကျန့်က ခါးသီးစွာပြုံး၍ ပြောဆိုလိုက်သည်။ "အဲဒါက အသုံးမဝင်ဘူး… မင်းက နတ်ဘုရားစိတ်ဝိညာဥ်ကို ပြောင်းလဲဖို့ လိုအပ်တယ်… အဲဒီလိုမဟုတ်ဘူးဆိုရင် တကယ်လို့ မင်းရဲ့ မျက်နှာပြောင်းလဲခြင်း စွမ်းရည်က အခုထက်ပိုပြီး အစွမ်းထက်နေရင်တောင် ရောင်စဥ်ကြည့်ကိရိယာကနေ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး….."

ယီယွမ်က ပြုံးလိုက်ပြီး ပြောဆိုခဲ့၏။ "အစ်ကိုလော့ စောင့်ကြည့်နေလိုက်ပါ….."

စကားအဆုံးတွင် ယီယွမ်က ဝမ်မိသားစု၏ စစ်ဆေးရေးနေရာသို့  ပုံမှန်အတိုင်း ဦးတည်သွားရောက်ခဲ့သည်။

"ရပ်စမ်း….." အစောင့်တစ်ယောက်က ယီယွမ်ရောက်လာသည်ကို မြင်သော် ချက်ချင်းတားဆီးလိုက်၏။

ယီယွမ်၏မျက်နှာတွင်  ထိတ်လန့်သွားသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြောဆိုခဲ့သည်။ "မင်း… မင်းက ဘာလုပ်ချင်နေတာလဲ… ငါ… ငါ့ဆီမှာ နတ်စွမ်းအင်ကျောက်တုံးတွေ မရှိဘူး….."

အစောင့်က ယီယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပေ၏။ "မင်းရဲ့ နတ်စွမ်းအင်ကျောက်တုံးတွေကို ဘယ်သူက လိုချင်နေလို့လဲ… ဟိုနေရာကိုသွား… မင်းရဲ့လက်ကို အဲဒီကိရိယာအပေါ်မှာ တင်လိုက်….."

"အာ… အင်း… အေးဆေးပေါ့… အဲဒါက လွယ်လွယ်လေးပါ….."

ယီယွမ်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုနေရာသို့ ချက်ချင်းပြေးသွား၍ သူ၏လက်ကို ထိုအရာပေါ်သို့ တင်လိုက်ပေသည်။

အပျက်အစီးပုံနောက်တွင် ပုန်းအောင်းနေခဲ့သော လော့ကျန့်က ဤမြင်ကွင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ပြီး သူ၏နှလုံးသားက လည်ချောင်းသို့ ခုန်တက်လာခဲ့သည်။

လော့ကျန့်က ယခုကဲ့သို့ သူ့ကို  စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့တုန်လှုပ်ရစေသော အဖြစ်အပျက်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဖူးခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now