1764 - 1766

105 5 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 112

Chapter-13

(အိမ်ပြန်ခြင်း)

အတိတ်တွင် အောင်မြင်မှုကြောင့် မာနကြီးနေခဲ့သော ရှဲ့ကျောက်ယွင်က ယခုအချိန်တွင် ရှဲ့ကျင့်ရီ၏ ရှေ့မှောက်၌ အလွန်အမင်း ယဥ်ကျေးနေပုံ ပေါ်နေခဲ့သည်။

သူက ကြောက်ရွံ့နေခဲ့၏။

အကြီးအကဲယီက အတိတ်မှ ဖြစ်ရပ်များကို ဖြေရှင်းသည့်အနေဖြင့် ရှဲ့မိသားစုအတွက် ခက်ခဲစေရန် လုပ်ဆောင်မည်ကို သူက ကြောက်ရွံ့နေခြင်းဖြစ်၏။

ယီယွမ်၏ လက်ရှိအဆင့်အတန်းဖြင့် ရှဲ့မိသားစုကို အမြစ်ဖြုတ်ရှင်းလင်းလိုလျှင် ထိုအရာက လက်တစ်ဖက်ကို လှန်မှောက်သကဲ့သို့ လွယ်ကူရိုးရှင်းပေသည်။

အင်အားကြီးသော ချင်မိသားစုက လက်ဖျောက်တစ်ချက်တီးရုံဖြင့် ပျက်စီးသွားခဲ့သည်ကို သူတို့က မြင်တွေ့ခဲ့ရပြီး မဟုတ်ပေလော။

ကောင်းကင်အလွှာနှစ် နတ်သခင် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပင် ယခုအချိန်၌ ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်၏။ သူ၏အသက်ကို ထိန်းထားရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

ထိုအရာက ကောင်းကင်အလွှာနှစ် နတ်သခင်တစ်ယောက်ပင် ဖြစ်၏။

အတိတ်တွင် ချင်မိသားစုကို ဆန့်ကျင်အပြစ်ပြုမိမည်အား စိုးရိမ်ခဲ့သည့်အတွက် ရှဲ့မိသားစုက ရေတွင်းထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချသည့်အနေဖြင့် ရှဲ့မိသားစု၏ မိသားစု နာမည်ကျောက်ပြားမှ ရှဲ့ကျင့်ရီ၏ နာမည်ကို တိုက်ရိုက်ဖယ်ရှားခဲ့သည်။

ဤအရာက ရှဲ့ကျောက်ယွင်ကို ယခုအချိန်တွင် ပို၍ အခက်တွေ့စေခဲ့၏။

သူက ယီယွမ်နှင့် စကားအနည်းငယ်မျှသာ ပြောဆိုဖူးသော်လည်း ထိုအရာက အလွန်အမင်း ပြေလည်မှုမရှိကြောင်း သိသာထင်ရှားပေသည်။

သူ၏ရှေ့မှောက်မှ ဖက်တီးလေးက ပြန်လည်ကောင်းမွန်လာသော နေ့တစ်နေ့ကို အမှန်တကယ် ပိုင်ဆိုင်ခဲ့လိမ့်မည်ဟု သူက တစ်ကြိမ်တစ်ခါမျှပင် အိပ်မက်မမက်ခဲ့ဖူးပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now