Ch 1770 - 1772

34 1 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 113

Chapter-4

(ကျယ်လောင်သောရိုက်ချက်)


မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရရှိပြီး ကမ္ဘာငယ်လေးတစ်ခု၏ မိုးကောင်းကင်တာအို ထိန်းချုပ်သူတစ်ယောက် ဖြစ်လာလျှင် သိုင်းပညာရှင်က ထိုကမ္ဘာငယ်လေးနှင့် ရှင်းပြ၍မရနိုင်သော ဆက်နွယ်မှုတစ်ခု ထွက်ပေါ်လာလေ့ရှိသည်။

ထိုဆက်နွယ်မှုမှတစ်ဆင့် မိုးကောင်းကင်တာအို၏ စွမ်းအားကို သူ၏ကိုယ်ပိုင်အသုံးပြုမှုအတွက် ထုတ်ယူသုံးစွဲနိုင်ပေသည်။

ဤအရာကို ပိုင်ရှင်မဲ့ ကမ္ဘာငယ်လေးတစ်ခု၏ ထိန်းချုပ်သူဟု ခေါ်ဆိုပေသည်။

သို့သော် စောစောလေးတွင် ယီယွမ်က ဤဆက်နွယ်မှုကို အမှန်တကယ် ဖြတ်တောက်ခဲ့၏။

ဤအရာက လက်ရှိအချိန်တွင် သူက ထိန်းချုပ်သူ မဟုတ်တော့ဟု ဆိုလိုပေသည်။

ဤနေရာတွင်ရှိနေသော လူအားလုံးက အရူးများမဟုတ်ကြ၍ မည်သို့ဖြစ်ပျက်နေသည်ကို သူတို့က မည်သည့်အတွက်ကြောင့် နားမလည်ဘဲနေမည်နည်း။

သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာတွင် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်နေသော အမူအရာများ ပေါ်လာခဲ့ပြီး ယီယွမ်၏ လုပ်ဆောင်မှုကြောင့် အလွန်အမင်း ဝေခွဲမရဖြစ်နေခဲ့သည်။

"အခုတော့ မင်းက စိတ်အေးအေးထားလို့ရပြီ မဟုတ်လား… ငါကမင်းကို မျှတတဲ့တိုက်ပွဲတစ်ခု ဆင်နွှဲနိုင်ဖို့ ဒီအခွင့်အရေးပေးတာပဲ….." ယီယွမ်က ပုံမှန်ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ အေးအေးဆေးဆေး ပြောဆိုလိုက်၏။

ကောင်းကင်ဘုံအပြစ်သားက အသက်ရှူချိန် အကြိမ်ပေါင်းများစွာခန့် မှင်တက်မိသွားခဲ့ပြီးနောက် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာခဲ့သည်။

"ဟားဟားဟား… မင်းက မိုးကောင်းကင်တာအိုကို တကယ် သီးခြားခွဲထုတ်ခဲ့တာပဲ… မိုးကောင်းကင်တာအိုကို တကယ်ပဲ သီးခြားခွဲထုတ်ခဲ့တယ်….." သတိပြန်ဝင်လာပြီးနောက် ကောင်းကင်ဘုံအပြစ်သား၏ စိတ်ထဲတွင် အကြီးအကျယ် ဝမ်းသာသွားခဲ့၍ အတောမသတ်နိုင်အောင်ပင် အူလှိုက်သည်းလှိုက် ရယ်မောနေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now