1441 - 1443

83 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 103

Chapter-4

(အချုပ်အနှောင်ကင်းအဆင့်သို့ ထပ်မံဝင်ရောက်ခြင်း)

ရွှစ်…..

ကိုယ်ပွား၏ဓားက ယီယွမ်၏ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။

ဥပဒေသများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့၍ ယီယွမ်၏ခန္ဓာကိုယ်က စုတ်ဖြဲခံနေရသကဲ့သို့ ဖြစ်လာခဲ့သည်။

နှလုံးသားကို ထွင်းဖောက်သကဲ့သို့ နာကျင်မှုက နောက်ဆုံးတွင် ယီယွမ်ကို သတိအချို့ ပြန်ဝင်လာစေခဲ့၏။

"နာကျင်တယ် မဟုတ်လား… ရုန်းကန်နေတာကို လက်လျှော့လိုက်တော့… မင်းလို အားနည်းတဲ့လူတစ်ယောက်က ဒီလောကမှာ အသက်ရှင်သန်ဖို့ မသင့်တော်ဘူး….."

အခြားယီယွမ်က စကားပြောနေရင်းပင် သူ၏လက်ထဲရှိ ဓားကို လှုပ်ရှားနေခဲ့ပြီး ယီယွမ်၏ဒဏ်ရာကို ကြီးမားသည်ထက် ပိုမိုကြီးမားလာစေရန် မွှေနေခဲ့ပေသည်။

ရွှေရောင်သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်နေခဲ့ပြီး အသားစလေးအချို့ပင် ရောနှောပါဝင်နေခဲ့၏။

လျင်မြန်ပြင်းထန်သော ဓားတာအို ဥပဒေသများက ဒဏ်ရာကို ထွင်းဖောက်သွားခဲ့ပြီး ယီယွမ်၏ ကိုယ်တွင်းအင်္ဂါများကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ယီယွမ်၏ အသိစိတ်က ပို၍ပို၍ ဝေဝါးလာခဲ့ပြီး သူ၏မျက်လုံးများက တဖြည်းဖြည်းနှင့် ပိုမိုလျော့ရဲလာခဲ့သည်။

"ယီယွမ်….."

ဤမြင်ကွင်းကိုမြင်သော် အမှုန်မဲ့၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့ပြီး သူ၏မျက်လုံးများတွင် စိတ်ဓာတ်ကျမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်အထိ လျှောက်လှမ်းလာခဲ့သည့် ခရီးလမ်းတွင် ယီယွမ်က သူ့ကို ပေးအပ်ခဲ့သော မျှော်လင့်ချက်က အလွန်ကြီးမားပေ၏။

အမှန်တကယ်တွင် ယီယွမ်က အချိန်မတိုင်ခင် ကျရှုံးသွားခဲ့ရမည်ဟု အမှုန်မဲ့က လုံးဝတွေးမထားခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now