Ch 1426 - 1428

97 6 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 102

Chapter-4

(ဖြတ်သွားသူတစ်ယောက်)

ပိုင်ချန်းက ခြင်္သေ့တူသားရဲကို စီးနင်းထားခဲ့ပြီး ကြည့်ရသည်မှာ ကြီးကျယ်လှပြီး အလွန်ကျေနပ်နေသည့်ဟန် ပေါ်လွင်နေခဲ့၏။

ဤခြင်္သေ့ပုံစံ ကြမ်းကြုတ်သားရဲ၏ နာမည်ကို ခြင်္သေ့တူသားရဲဟုခေါ်ကြောင်း ပိုင်ချန်းထံမှတစ်ဆင့် သိရှိသွားခဲ့ပြီဖြစ်သည်။

ယီယွမ်က ဤမြင်ကွင်းကို မြင်လိုက်ချိန်တွင် အလွန်သိချင်သွားခဲ့၏။

ထိုလည်ဆွဲတွင် မှော်ဆန်သော စွမ်းအင်များ ပါဝင်နေသည့်ပုံ ပေါ်နေခဲ့ပေ၏။ ခြင်္သေ့တူသားရဲ၏ လည်ပင်းတွင် စွပ်ပေးလိုက်ချိန်တွင် ထိုကြမ်းကြုတ်သားရဲက အညံ့ခံသွားခဲ့ပေသည်။

"သခင်ငယ်ပိုင်ချန်း… ဒီလည်ဆွဲက ဘယ်လိုမျိုး အံ့ဩစရာကောင်းတဲ့ အရာလဲဆိုတာ ကျုပ်သိလို့ရမလား….." ယီယွမ်က မေးမြန်းခဲ့၏။

ပိုင်ချန်းက ပြုံး၍ ပြောဆိုလိုက်သည်။ "ဒါက အင်ပါရီယာ ဝိညာဥ်စက်ဝိုင်းပဲ… မင်းတို့လို သာမန်သေမျိုးတွေက ဒီပစ္စည်းအကြောင်း အရင်က မကြားဖူးခဲ့တာ ပုံမှန်ပါပဲ… ဒါက အဆင့်မြင့်အဆင့် ဝိညာဥ်နတ်ရတနာပဲ… ငါက လည်ဆွဲအပေါ် သွေးစက်ချပြီး သခင်အဖြစ် အသိအမှတ်ပြုခံပြီးတာနဲ့ လည်ဆွဲကို ကြမ်းကြုတ်သားရဲရဲ့ လည်ပင်းမှာ စွပ်ပေးလိုက်ရင် လည်ဆွဲက အဆင့်တစ် နတ်အဆင့် ကြမ်းကြုတ်သားရဲတွေကို ဖိနှိပ်ပေးပြီးတော့ ငါ့ကို အညံ့ခံလာစေဖို့ လုပ်ဆောင်ပေးနိုင်တယ်… ဒါပေါ့… မရှိမဖြစ်လိုအပ်တဲ့ ကိစ္စတစ်ခုကတော့ အဲဒီသားရဲက ပြန်ခုခံနိုင်တဲ့ခွန်အားမျိုး မရှိတော့တဲ့အထိ ငါက ရိုက်နှက်အနိုင်ယူထားရမယ်….." 

ယီယွမ်က တိတ်တဆိတ် အံ့ဩနေခဲ့၏။ ကောင်းကင်ခြေတောင်ကုန်းကမ္ဘာတွင် ယခုကဲ့သို့ အထင်ကြီးလောက်သော ရတနာသွန်းလုပ်ခြင်း နည်းလမ်းများ အမှန်တကယ် ရှိနေခဲ့မည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now