Ch 1207 - 1209

99 10 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 87

Chapter-13

(တန်စစ်၏ သေဆုံးခြင်း)

လပေါင်းအနည်းငယ် ကြာမြင့်ပြီးနောက် ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင်က ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့သည်။

အရင်တစ်ကြိမ် မကျေမနပ်ထွက်ခွာခဲ့ရမှုကို ကျူးကော့ချင်ရွှမ်က ရင်ထဲ၌ အမြဲတမ်း မှတ်သားထားခဲ့သည်။

သို့သော် နောက်တွင် ဆက်လက်ဖြစ်ပေါ်လာသော  သတင်းကြောင့် သူက အလွန်အံ့ဩသွားခဲ့ရသည်။

ယီယွမ်၏ ခွန်အားက  မဟာဒီဗိုင်းဘုရင်ဆယ်ဦး စာရင်းသို့ ဝင်ရောက်ရန် အမှန်တကယ်ပင်  အရည်အချင်းပြည့်မီပေသည်။

ထို့ပြင် သူက လူလင်ဖုန်းနှင့် လက်ရည်တူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။

လူလင်ဖုန်းက လျှော့ပေါ့တိုက်ခိုက်ခဲ့သည်ဟု သူက သံသယဝင်နေခဲ့သည့်တိုင် ဤသတင်းက သူ့ကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်ပေ၏။

သို့သော် ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်က မဟာဒီဗိုင်းဘုရင်ဆယ်ဦး စာရင်းကို ပြင်ဆင်ပြောင်းလဲရန် သတင်းထုတ်ပြန်ခဲ့မည်ဟု သူက လုံးဝထင်မထားခဲ့ပေ။

သူ၏အမြင်တွင် လျှို့ဝှက်ဆန်းကြယ်သော ထိုလူက သူနှင့် အပေးအယူ လုပ်လိုခြင်းဖြစ်ကြောင်း ထင်မြင်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားနယ်မြေ၏ လက်ရှိနံပါတ်တစ်ပုဂ္ဂိုလ်,သူက ဟာသတစ်ခုမဟုတ်ပေ။

မှန်ပေသည်။ ဤအချက်တွင် အထဲ၌ရှိနေသောထိုလူအား ထည့်မတွက်ခဲ့ပေ။

အနက်ရောင်ခန်းဆီး၏ နောက်တွင်ရှိနေဆဲဖြစ်ပြီး အလွန်ဆန်းကြယ်နေဆဲပင် ဖြစ်သည်။

"ဟမ့်… ခင်ဗျားက နောက်ဆုံးမှာ အပေးအယူလုပ်မယ်လို့ ထင်မထားမိဘူး… စိတ်အေးအေးထားပါ… အရင်တစ်ခေါက်က ဒီအရှင်ပေးထားတဲ့ ကတိက အကျုံးဝင်နေသေးတယ်….." ကျုးကော့ချင်ရွှမ်က ပြောလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now