Ch 1372 - 1374

90 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 98

Chapter-10

(ပုံပြင်များနှင့်လူတစ်ယောက်)

"ယီယွမ်... မင်းရဲ့ မှော်ဆေးပညာအရည်အချင်းက တုန်လှုပ်စရာကောင်းတယ်... ဘာလို့ ငါတို့ အသင်္ချေရတနာမျှော်စင်နဲ့ တရားဝင် မပူးပေါင်းတာလဲ....."

ရှောင်ဖုန့်က ယီယွမ်ကို တရားဝင် ဖိတ်ခေါ်လိုက်ပေသည်။ ယီယွမ်က သေချာပေါက် ငြင်းဆန်မည်မဟုတ်ကြောင်း ရှောင်ဖုန့်က သိရှိပေ၏။

အသင်္ချေရတနာမျှော်စင်၏ အကာအကွယ်ပေးမှု မရှိလျှင် ယီယွမ်က ဝမ်မိသားစုအတွက် သွားကြားညပ်စရာ စားသောက်ဖွယ်တစ်ခုပင် ဖြစ်လာမည်မဟုတ်ပေ။

ယီယွမ်က လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်၍ မည်သို့ရွေးချယ်ရမည်ကို သိရှိမည်ဟု ရှောင်ဖုန့်က ယုံကြည်ပေသည်။

ယီယွမ်က ပြုံး၍ ပြောဆိုခဲ့မည်ဟု မည်သူက ကြိုသိခဲ့မည်နည်း။ "စီနီယာရဲ့ တန်ဖိုးထားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့ ဒီယီမျိုးရိုးမှာ သွားစရာနေရာတစ်ခု ရှိနေပြီးသားပါ....."

ယီယွမ်၏ တုံ့ပြန်မှုက ရှောင်ဖုန့်ကို မှင်တက်သွားစေခဲ့သည်။ ဤအဖြေက သူမျှော်လင့်မထားသော အဖြေတစ်ခုဖြစ်၍ ရှောင်ဖုန့်က သတိလက်လွတ်ဖြစ်သွားခဲ့၏။

"ယီယွမ်... ဝမ်မိသားစုရဲ့ အဲဒီလူငယ်လေးက ငါ့ရဲ့ဖိအားပေးမှုကြောင့်ပဲ မင်းကို တောင်းပန်သွားတာနော်... ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် သူက မင်းအပေါ်မှာ ပိုပြီးမုန်းတီးသွားနိုင်တယ်... မင်းက တောက်ပမြင့်မားခြင်းမြို့ ဝမ်မိသားစုရဲ့အင်အားကို နားလည်မှာ မဟုတ်လောက်သေးဘူး....." ယီယွမ်က အခြေအနေကို သေသေချာချာ နားမလည်နိုင်ခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်မိ၍ ရှောင်ဖုန့်က ယီယွမ်ကို အကြံပေးပြောဆိုလိုက်သည်။

ယီယွမ်က ပြုံး၍ ပြောဆိုခဲ့၏။ "အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီယီမျိုးရိုးက သေသေချာချာသိပါတယ်... ဒါပေမဲ့ ဒီယီမျိုးရိုးမှာ ကိုယ်ပိုင်အစီအစဥ်တွေ ရှိနေသေးလို့ပါ... ဒါပေမဲ့ စီနီယာက စိတ်အေးအေးထားပါ... ကျွန်တော်တို့က ဆရာကျောင်းသား ဆက်ဆံရေးတစ်ခု ရှိနေဦးမှာပါ....."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now