Book(93)Ch 1-3(or)Ch 1286 - 1288

101 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(93)

Chapter-1

(ခန်အို၏ဝှက်ဖဲ)

ကောင်းကင်နှင့်မြေကြီး အကြားတွင် အသံလုံးဝမထွက်ဘဲ  အလွန်တိတ်ဆိတ်သွားခဲ့သည်။

အေးမြသော လေပြည်တစ်ခုသာ  ကောင်းကင်နှင့်မြေကြီး အကြားတွင် တိုက်ခတ်နေခဲ့၏။

လူသားသိုင်းပညာရှင်များက သူတို့၏ ရင်ဘတ်ထဲတွင် တစ်စုံတစ်ရာ ရှိနေခဲ့ပြီး ထိုအရာကို ထုတ်ယူရန် လိုအပ်သည်ဟု ခံစားနေခဲ့ရ၏။

ဤမြင်ကွင်းက သူတို့ကို နက်နက်ရှိုင်းရှိုင်း အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည်။

သန်းထောင်ချီသော ပုဂ္ဂိုလ်များကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့သော စွမ်းရည်က မယုံကြည်နိုင်ဖွယ်ရာတစ်ခု ဖြစ်ပေသည်။

"ငါ့ရဲ့အမြင်အာရုံတွေ မှားယွင်းနေတာပဲဖြစ်ရမယ်… အမြင်အာရုံ မကြည်လင်တော့ဘဲ မှုန်ဝါးနေတာပဲ… ဒါက အမှန်တကယ်မဟုတ်ဘူး….."

"သန်… သန်မာလွန်းတယ်… နတ်တန်ခိုးရှင်အဆင့်… ဒါက နတ်တန်ခိုးရှင်အဆင့်ပဲ ဖြစ်ရမယ်… ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်… သူက နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်သွားခဲ့တာပဲ….."

"နတ်တန်ခိုးရှင်အဆင့် အောက်မှာ ပုရွက်ဆိတ်လေးတွေပဲလို့ လူတိုင်းပြောကြတာက  အံ့ဩစရာမရှိတော့ဘူး… နတ်တန်ခိုးရှင်အဆင့်က တကယ်ပဲ အင်အားကြီးမားလွန်းတယ်….."

………

ထိုသို့သော မြင်ကွင်းတစ်ခုက သက်ရောက်မှု အလွန်ကြီးမားပေသည်။

သူတို့ကိုယ်သူတို့ ဤလောကတွင် ပြိုင်ဖက်ကင်းသည်ဟု သတ်မှတ်ထားခဲ့ကြသော
ဖင်းဂေါ့ကျားလန်နှင့် မဟာဖင်းဂေါ့လေးယောက်ပင် ယီယွမ်၏ တိုက်ခိုက်မှုအောက်၌ အမှုန့်ဖြစ်သွားခဲ့သည်။

ဤအရာက အခြားအဆင့်တစ်ခု ဖြစ်နေပြီဖြစ်ပြီး သူတို့ တွေးကြည့်ရန်မဖြစ်နိုင်သည့် အဆင့်တစ်ခု ဖြစ်ပေ၏။

ထိုသို့သောစွမ်းအားမျိုးက သူ၏  လူများကိုပင် တုန်ယင်သွားစေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now