Ch 1116 - 1118

109 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 81

Chapter-13

(ဘုရင်ကြီးသုံးပါး)

လက်ရှိအချိန်၌ သွေးမိုးကန္တာရ ပဥ္စမအဆင့်၏ အနက်ပိုင်းနေရာတွင် လူသုံးယောက်က ဝိညာဥ်ဆေးပင်တစ်ပင်ကို ဝန်းရံထားခဲ့ကြသည်။

ထိုလူသုံးယောက်ထဲတွင် တစ်ယောက်သောသူ၏ ခွန်အားက အလွန့်အလွန် မြင့်မားလှပေသည်။ သူ၏ ဖိအားပေးတိုက်ခိုက်မှုအောက်၌ တိုက်ပွဲက တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့၏။

မကြာမီပင် ထိုဝိညာဥ်ဆေးပင်ကို ရိတ်သိမ်းနိုင်ခဲ့ပြီဖြစ်သည်။

ထိုသုံးယောက်က ယီယွမ်၊ မီးတောက်လေးနှင့် ရဲရဲတောက်တို့ ဖြစ်ကြ၏။

စောစောလေးတွင် အလွန့်အလွန် ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုစွမ်းအားကို ပိုင်ဆိုင်ထားသောသူက မီးတောက်လေးပင် ဖြစ်သည်။

တိုက်ပွဲစတင်လိုက်သည်နှင့် မီးတောက်လေး၏ တိုက်ခိုက်မှုစွမ်းအားကြောင့် ယီယွမ်က အံ့အားသင့်သွားခဲ့ရသည်။ မီးတောက်လေး၏ ခွန်အားက ထိုမျှအထိ မြင့်မားနေမည်ဟု ယီယွမ်ကလည်း မျှော်လင့်မထားခဲ့ပေ။

မီးတောက်လေး၏ ခွန်အားက မဟာဒီဗိုင်းဘုရင်ဆယ်ဦးအောက် နိမ့်ကျမည်မဟုတ်ကြောင်း ယီယွမ်က ခန့်မှန်းမိပေသည်။

မှန်ပေ၏။ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်အပင်များက ကမ္ဘာဦးစိတ်ဝိညာဥ်ကို မွေးဖွားနိုင်ခဲ့ပြီးနောက် သူတို့၏ ဉာဏ်ရည်ကို ရရှိလာပြီး သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းကလည်း အလွန်မြန်ဆန်စွာ တိုးတက်လာလေ့ရှိသည်။

အကယ်၍ မိုးကောင်းကင်တာအို၏ ကန့်သတ်ထားခြင်းမရှိလျှင် မီးတောက်လေးက နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်သွားလိမ့်မည်ဟု ယီယွမ်က ခံစား​နေခဲ့ရသည်။

မီးတောက်လေး၏ ခွန်အားက ပဥ္စမအဆင့်၌သာ ရှိနေပေသေးသည်။ ထိုသို့ဆိုလျှင် ဆဋ္ဌမအဆင့်တွင် နေထိုင်သူများက မည်မျှအထိ အစွမ်းထက်ကြမည်နည်း။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now