Ch 1274 - 1276

101 10 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 92

Chapter-4

(နတ်တစ်ပိုင်းအဆင့်)

အခြားသူများအတွက် အဆင့်(9) ပြည့်စုံမှုအဆင့်နှင့် နတ်တစ်ပိုင်းအဆင့်တို့ အကြားတွင် ကွာခြားချက် အလွန်ကြီးမားပေသည်။

အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ စွမ်းအင်၊ စွမ်းအား၊ စိတ်ဝိညာဥ် လမ်းသုံးခုက ပြည့်စုံမှုအဆင့်သို့ ရောက်ရှိနေခဲ့လျှင်ပင် နတ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်သေးပေ။

နှလုံးသားအဆင့်၏ ပြည့်စုံမှုအဆင့် အတားအဆီးက  မရေမတွက်နိုင်သော သူရဲကောင်းများကို တားဆီးရပ်တန့်ပစ်ခဲ့သည်။

သို့သော် ယီယွမ်ထံတွင် လိုအပ်နေသည်က သဘာဝစွမ်းအင်အဆင့်မျှသာ ဖြစ်ပေ၏။

မှန်ပေ၏။ သဘာဝစွမ်းအင်အဆင့်က ဒီဗိုင်းဘုရင် အထွတ်အထိပ်အဆင့်သို့ တစ်ဟုန်ထိုး  တက်ရောက်ခြင်းကလည်း လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။

သို့သော် ယီယွမ်က လုပ်ဆောင်နိုင်ခဲ့သည်။

ယခင်တစ်ကြိမ် တိုက်ခိုက်ခဲ့ချိန်တွင် ယီယွမ်က ပထမတန်းစား ဒီဗိုင်းဘုရင်တစ်ယောက် ဖြစ်လာကာစ အခြေအနေ၌သာ ရှိနေခဲ့ပေသေး၏။

သူတို့ မတွေ့ရသည်မှာ အချိန်မကြာသေးသော်လည်း ယီယွမ်က အမှန်တကယ် အဆင့်တက်ရောက်နိုင်ပြီဖြစ်၏။

ဤအရာကြောင့် လီကွေ့က အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူတို့၏ခေတ်တွင်ပင် ယခုကဲ့သို့ အလွန်မြန်ဆန်စွာ အဆင့်တက်ခြင်းမျိုးကို သူက တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။

"မင်းက ဘာတွေစောင့်နေသေးတာလဲ… သူက အဆင့်တက်နေတာကို အခွင့်ကောင်းယူပြီးတော့ သူ့အသက်ကို ယူလိုက်လေ….."

ကျူးကော့ချင်ရွှမ်၏ လေသံက သုန်မှုန်နေသော်လည်း  စိတ်ဆန္ဒစောနေသော အရိပ်အယောင်အချို့ ပါဝင်နေခဲ့သည်။

"မင်းက ဘာသိလို့လဲ… သူက နတ်တစ်ပိုင်းအဆင့်ကို တက်ရောက်ဖို့ လုပ်ဆောင်နေတာပဲ… စွမ်းအင်၊ စွမ်းအား၊ စိတ်ဝိညာဥ် လမ်းသုံးခုကို ပေါင်းစပ်ပြီး နတ်တစ်ပိုင်းအဆင့်ကို တက်ရောက်မှာ… အခုအချိန်မှာ သူ့ကို သတ်ဖို့ ရှေ့တိုးသွားတာက မိုးကောင်းကင်တာအိုကို ဆန့်ကျင်တာပဲ… မင်းက ချက်ချင်းသုတ်သင်ခံရလိမ့်မယ်… တကယ်လို့ မင်းသေချင်ရင်တော့ သွားလေ… အလွန်ဆုံးမှ ဒီနတ်က နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ရှာဖွေလိုက်ရုံပဲ….." လီကွေ့က အေးစက်စွာ ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now