Book(88)Ch 1-3(or)Ch 1210 - 1212

97 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(88)

Chapter-1

(ငကြောက်)

"ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်က အမှောင်ဒီဗိုင်းဘုရင်ကို စိန်ခေါ်နေတာလား… ယီယွမ်က ရူးနေလို့လားဟ… အဆင့်ငါးနဲ့ အဆင့်ခြောက်ကြားမှာ ကွာခြားချက် ကြီးမားလွန်းတယ်ဆိုတာ သူမသိဘူးလား….."

"ကြည့်ရတာ သူတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ရန်ကြွေးမျိုး ရှိနေတာနဲ့တူတယ်… ကြည့်ရတာ အတိတ်က ကောင်းကင်သတ်ဖြတ်ခြင်းချိုင့်ကို ဝင်ရောက်တဲ့အချိန်တုန်းက သူတို့နှစ်ယောက်ကြားမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပုံပဲ….."

"အာ… ဟုတ်သားပဲ… ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်က လတ်တလောမှာ မဟာဒီဗိုင်းဘုရင်ဆယ်ဦး စာရင်းက အပြောင်းအလဲအချို့ ရှိလာမယ်လို့ ထုတ်ပြန်ထားခဲ့တယ် မဟုတ်လား… ဖြစ်နိုင်တာက… သူတို့နှစ်ယောက်ကြားက တိုက်ပွဲကို ​အခြေခံပြီး ပြောနေတာများလား….."

"ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်က အခုလို အရာမျိုးအထိတောင် ခန့်မှန်းနိုင်တဲ့အထိ တကယ်ကြောက်စရာကောင်းလွန်းတယ်… 'ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်'ဆိုတဲ့ နာမည်နဲ့ ကောင်းကောင်းထိုက်တန်တယ်….."

……..

ယီယွမ်နှင့် စစ်ခုန်ရှန်းတို့ တိုက်ခိုက်ကြမည်ဖြစ်၍ ချက်ချင်းပင် လူအများထံမှ ထင်မြင်ချက်ပေါင်းစုံ ထွက်လာခဲ့ပေသည်။

ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်၏ နာမည်က နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ပရမ်းပတာ မိစ္ဆာပင်လယ်က သတင်းစီးဆင်းမှု အလွန်နှေးကွေးသော်လည်း မဟာဒီဗိုင်းဘုရင်ဆယ်ဦး စာရင်း၌ အပြောင်းအလဲအချို့ ရှိလာမည်ဖြစ်ကြောင်း သူတို့က သိရှိထားခဲ့ပေသည်။

လျှို့ဝှက်ဆန်းကြယ်သော အမှောင်ဒီဗိုင်းဘုရင်က နတ်ဘုရားနယ်မြေတွင် လှုပ်ရှားထွက်ပေါ်လာခြင်း အလွန်နည်းပါးပေသည်။ လက်ရှိအချိန်တွင် သူ၏ခွန်အားက မည်မျှအထိ အစွမ်းထက်နေပြီကို မည်သူမှမသိနိုင်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now