Ch 1326 - 1328

84 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 95

Chapter-10

(သံယောဇဥ်အပြတ်ဖြတ်မှု)

"လက်စသတ်တော့ အမှန်တရားက ဒီလိုဖြစ်နေတာကိုး… ဒီဖက်တီးမကြီးက မုန်းစရာကောင်းတယ်ဆိုပေမဲ့ အဲဒီယီယွမ်က ပိုပြီးတော့ ရွံစရာကောင်းတာပဲ….."

"စဥ်းစားကြည့်လိုက်တော့ အဲဒါက အမှန်ဖြစ်လောက်တယ်… ဒီဖက်တီးမကြီးက တအားမောက်မာတယ်ဆိုပေမဲ့ လျန့်မင်ယွီကို တော်တော်လေးချစ်တယ်လို့ ငါကြားဖူးတယ်….."

"မိထွေးနဲ့ လင်ပါသမီး အတူတူ  သင့်သင့်မြတ်မြတ် မနေနိုင်ဘူးဆိုတာက မိသားစုတိုင်းမှာ ပုံမှန်ကိစ္စပါပဲ… တကယ်ပဲ ဒီလိုဖြစ်နေရင် အဲဒါက အဓိပ္ပာယ်ရှိသွားပြီ….."

"ဒီလိုဆိုရင် လျန့်ဝမ်ရူက မတရားခံရတာလား… အဲဒီကောင်မလေးကို သနားမိပါတယ်….."

"အဲဒီဧည့်မှော်ဆေးပညာရှင်အသစ်က အဆိပ်ကို ဖယ်ရှားကုသပေးနိုင်တဲ့ စွမ်းရည်ရှိနေတာ
မဟုတ်ဘူးလား….."

"ငါ့ဖင်ကိုပဲ ကုသပေးနေလိုက်… ညတစ်ထောင် နူးညံ့ခြင်းအဆိပ်ကို လင်းမိသားစုနဲ့ လုမိသားစုက အချိန်ဘယ်လောက်ကြာတဲ့အထိ လေ့လာနေကြတယ်ဆိုတာ နတ်ဘုရားမှပဲ သိနိုင်လိမ့်မယ်… ဒါပေမဲ့ သူတို့က အဲဒါကို ကုသဖို့ နည်းလမ်းမရှာနိုင်ကြသေးဘူး… ဒုက္ခိတတစ်ယောက်က အဆိပ်ကို ကုသပေးနိုင်တယ် ဟုတ်လား… မင်းက အဲဒါကို ယုံကြည်တယ်ပေါ့….."

……….

ဝမ်ဖျန့်ရန်၏ သရုပ်ဆောင်မှုကို  အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားပေ၏။ ယခုအချိန်တွင် ထိုသရုပ်ဆောင်မှုကြောင့် ရရှိလာခဲ့သော အကျိုးသက်ရောက်မှုများက ကောင်းမွန်နေခဲ့သည်။

သူမက သူမ၏ 'ရက်စက်သောမိထွေး' သဘာဝကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပဋိပက္ခ၏ အဓိက အကြောင်းအရင်းကို မိထွေးနှင့် လင်ပါသမီးအကြားမှ ပဋိပက္ခအဖြစ် ဖန်တီးပြောဆိုလိုက်သည်။ လူအများ၏ လက်ခံယုံကြည်နိုင်မှုက အလွန်မြင့်မားပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now