Book(87)Ch 1-3(or)Ch 1195 - 1197

122 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(87)

Chapter-1

(ဆန်းကြယ်ရာထူး တံဆိပ်ပြား)

"အန္တိမခရမ်းဒီဗိုင်းဘုရင်က ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်ကို သွားရောက်စိန်ခေါ်ပြီးတော့ အကြီးအကျယ်အရေးနိမ့်ပြီး ပြန်လာခဲ့ရတယ် ဟုတ်လား… ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်နဲ့ မဟာယန်ဒီဗိုင်းဘုရင်တို့က စွမ်းအားချင်းယှဥ်ပြိုင်ပြီးတော့ နှစ်ယောက်စလုံး မထိမခိုက်ဘဲရှိနေကြတယ် ဟုတ်လား… မင်း… မင်းက ပေါက်ကရတွေပြောနေတာတော့ မဟုတ်ပါဘူးနော်….."

"ဟမ့်… အဲဒီနေ့က ဟင်းလင်ပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်ကြီးတွေ တစ်ရာလောက် ရှိနေခဲ့တယ်လေ… အဲဒါက ပေါက်ကရပြောနေတာတွေ ဖြစ်နိုင်ပါ့မလား… ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်က အန္တိမခရမ်းဒီဗိုင်းဘုရင်ကို ဓားတစ်ချက်တည်းနဲ့ အသေသတ်လုနီးပါး ဖြစ်သွားခဲ့တယ်လို့ ငါကြားတယ်… မဟာယန်ဒီဗိုင်းဘုရင်က အချိန်မီရောက်လာခဲ့လို့သာ မဟုတ်ဘူးဆိုရင် မဟာဒီဗိုင်းဘုရင်ဆယ်ဦးစာရင်းက အပြောင်းအလဲတစ်ခု  ထပ်ပြီးတော့ဖြစ်သွားလိမ့်မယ်….."

"ဝိုး… ဒါပေမဲ့ အဆင့်(8) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားက အဲဒီလောက်အထိ အစွမ်းထက်နေဖို့ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….."

"ယုံဖို့ခက်တယ်ဆိုပေမဲ့ အဲဒါက အမှန်တရားပဲ… ကောင်းကင်ဘုံကျော်လွှားခြင်း နာမည်ကို ရရှိခဲ့တယ်ဆိုတော့ ယီယွမ်ရဲ့ခွန်အားကို သာမန်အမြင်နဲ့ ဆုံးဖြတ်ကြည့်လို့မရဘူးဆိုတာ အသေအချာပဲ… မင်းမေ့နေပြီလား… အတိတ်က မဟာဒီဗိုင်းဘုရင်ဆယ်ဦးရဲ့ နာမည်ဂုဏ်သတင်းက မရေမတွက်နိုင်တဲ့ အရိုးစုတွေကို နင်းချေပြီး ရရှိလာခဲ့ကြတာပဲ… ဒီတစ်ကြိမ်က ပိုပြီးတော့ ကြက်သီးထစရာကောင်းတာ အသိသာကြီးပဲ…  ဟင်းလင်းပြင်ဆန်းကြယ်အဆင့် အဲဒီပုဂ္ဂိုလ်တစ်ရာကသာ တကယ်စဥ်းစားဉာဏ်မရှိခဲ့ရင် နတ်ဘုရားနယ်မြေမှာ ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်တစ်ရာ လျော့နည်းသွားခဲ့မှာပဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now