1444 - 1446

134 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 103

Chapter-7

(သွေးစစ်ဆေးခြင်း)

အချိန်မည်မျှကြာမြင့်သွားကြောင်း မသိနိုင်တော့ချိန်တွင် နာကျင်မှုက နောက်ဆုံး၌ လျော့ပါးသွားခဲ့ပြီဖြစ်သည်။ မိုးပြာထွတ်ထိပ်၏ ခြေလက်လေးဖက်က လှုပ်ရှားနိုင်စွမ်းအချို့ ပြန်လည်ရရှိသွားခဲ့သည်။

သို့ရာတွင် သူက အချိန်အကြာကြီး ကြိုးစားပြီးမှ မတ်တတ်ရပ်နိုင်ရုံမျှသာ လုပ်ဆောင်နိုင်ခဲ့၏။

သူ၏တစ်ကိုယ်လုံးက ဆုတ်ယုတ်နေခဲ့ပုံပေါ်ပြီး ဦးခေါင်းမှခြေဖျားအထိ ခွန်အားလုံးဝမရှိခဲ့ပေ။

ဤအချိန်အတောအတွင်း သူက အစမှအဆုံးအထိ စိတ်ရှင်းရှင်းထားခဲ့သော်လည်း လုံးဝပင် ကူရာကယ်ရာမဲ့နေခဲ့သည်။

သူ၏ခန္ဓာကိုယ်အပေါ်မှ နာကျင်မှုတိုင်းက ဦးနှောက်ထံသို့ ရှင်းရှင်းလင်းလင်း ရောက်လာခဲ့ပြီး နာကျင်မှုကို
ဒီရေလှိုင်းများသဖွယ် အဆက်မပြတ် ခံစားနေခဲ့ရ၏။

မိုးပြာထွတ်ထိပ်က သတိလစ်သွားရန် အလွန်ဆန္ဒရှိနေခဲ့သော်လည်း သူက ထိုသို့လုပ်နိုင်ခြင်း လုံးဝမရှိကြောင်း စိတ်ဓာတ်ကျဖွယ် တွေ့လိုက်ရပေသည်။

ဤအချိန်အပိုင်းအခြားက သေသည်ထက်ပင် ဆိုးရွားနေခဲ့၏။

"သောက်ကောင်တွေ… အဖြူရောင်ည ထွတ်မြတ်နန်းတော်… တကယ်လို့ ယီယွမ်က အပြင်လူတစ်ယောက် ဖြစ်နေတာကို ငါရှာတွေ့ခဲ့ရင်တော့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ အသက်ချမ်းသာမပေးဘူး….." မိုးပြာထွတ်ထိပ်က အံကြိတ်လိုက်ပြီး မုန်းတီးစွာ ပြောဆိုခဲ့သည်။

ဤအချိန်တွင် ပိုင်ရှို့၏ အသံက တံခါးအပြင်မှ ထွက်ပေါ်လာခဲ့သည်။

"အရှင်မိုးပြာထွတ်ထိပ်က ကောင်းကောင်းမွန်မွန် အနားယူခဲ့ရရဲ့လား… နန်းတော်သခင်နဲ့ မဟာအကြီးအကဲက အရှင်နတ်တမန်တော်ကို မဟာခန်းမဆီလာဖို့ ဖိတ်ကြားလိုက်ပါတယ်….."

ဘုန်း…..

တံခါးကို အတွင်းမှ ပြင်းထန်စွာ ဖွင့်လိုက်သည်။ မိုးပြာထွတ်ထိပ်၏ မျက်နှာက အလွန့်အလွန် တင်းမာနေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now