Ch 1435 - 1437

88 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 102

Chapter-13

(ပြည့်စုံမှုအဆင့် ဖြိုခွင်းခြင်းကြယ်များ)

လူနှစ်ယောက်က ပုံရိပ်ယောင်များနှင့် တူနေခဲ့ကြပြီး လေထဲတွင် တစ်ယောက်နှင့်တစ်ယောက် ရောယှက်နေခဲ့ရာ ကြောက်စရာကောင်းသော အသံလှိုင်းများ ဆက်တိုက်ထွက်ပေါ်နေခဲ့ကြသည်။

အဖြုရောင်ည ထွတ်မြတ်နန်းတော်၏ သိုင်းပညာရှင်များဖြစ်စေ၊ ဆောင်းဦးမိုး ထွတ်မြတ်နန်းတော်၏ သိုင်းပညာရှင်များဖြစ်စေ၊ သူတို့အားလုံးက ထိုတိုက်ပွဲကြီးကြောင့် စိတ်ထင့်ပြီး စိုးရိမ်ပူပန်နေခဲ့ကြသည်။

ဟော်ထျန်းယန်၏ မျက်နှာအမူအရာက ပို၍ရုပ်ဆိုးလာခဲ့သည်။

အဖြူရောင်ည ထွတ်မြတ်နန်းတော်က ဘယ်လိုလူထူးဆန်းမျိုးကို ရှာတွေ့ခဲ့တာလဲ…..

နက်နဲခြင်းဂူ နတ်တန်ခိုးရှင်အဆင့်နဲ့ ကောင်းကင်ဘုံမြင်ယောင်ခြင်း နတ်တန်ခိုးရှင်အဆင့်ကို ထိပ်တိုက်ရင်ဆိုင်နေပြီးတော့ အဲဒီတိုက်ပွဲမှာ တကယ်ပဲ လက်ရည်တူညီနေတာလား…..

တကယ်ကို စိတ်ကူးယဥ်စရာအဖြစ်ပဲ…..

လန်ကျိရူက ပိုမိုတိုက်ခိုက်မိလေ ပို၍ထိတ်လန့်လာခဲ့လေဖြစ်၏။

ယခုကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုကို ယီယွမ်က တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ် ထုတ်ဖော်အသုံးပြုနိုင်မည်ဟု သူက လုံးဝမယုံကြည်ခဲ့မိပေ။

အခြေအနေကိုမသိလျှင် ယီယွမ်က ကောင်းကင်ဘုံမြင်ယောင်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု အခြားသူများက တွေးမိသွားကြပေမည်။

သို့ရာတွင် ယီယွမ်က နက်နဲခြင်းဂူ ပြည့်စုံခြင်းအဆင့်တွင်သာ ရှိနေသေးကြောင်း သိသာထင်ရှားပေ၏။ သူက ကောင်းကင်ဘုံမြင်ယောင်ခြင်း တစ်ပိုင်းအဆင့်သို့ပင် မရောက်သေးပေ။

သူ၏ရှေ့မှ ဤကောင်လေးက သာမန်အသိနှင့် လုံးဝဆန့်ကျင်နေသော လူတစ်ယောက် ဖြစ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now