Ch 1525 - 1527

100 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 108

Chapter-13

(မိစ္ဆာသခင် ဆန်းကြယ်ရတနာ)

ကောင်းကင်ကြယ်၏ ရှေ့မှောက်တွင် ယီယွမ်၏ မျက်နှာအမူအရာက တင်းမာနေခဲ့ပြီး သူက ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရဟန်ဖြင့် မျက်နှာဖြူဖျော့နေခဲ့သည်။

ယီယွမ်၏ အခြေအနေကိုမြင်သော် သူက အလွန်စိတ်ကျေနပ်သွားခဲ့သည်။

မှန်ပေ၏။ သူ၏ အခြေအနေကလည်း ယီယွမ်ထက် အများကြီး ပိုမိုကောင်းမွန်ခြင်း မရှိခဲ့ပေ။

ဤရက်များအတွင်း အမှုန်မဲ့နှင့်ကွေယွင်တို့၏ စုပ်ယူခြင်းကြောင့် သူ၏စိတ်ဝိညာဥ်ခွန်အားက ခြောက်သွေ့လုမတတ် ဖြစ်နေခဲ့သည်။

ကောင်းကင်ကြယ်၏ စိတ်ဝိညာဥ်ခွန်အားက ကြွယ်ဝမြင့်မားသော်လည်း အင်ပါရီယန် ဝိညာဥ်ရတနာဖြစ်သော စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းပုလဲ၏ စုပ်ယူမှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။

"စီနီယာကောင်းကင်ကြယ်… လွန်ခဲ့တဲ့ရက်နည်းနည်းက စီနီယာပြောခဲ့တဲ့ကိစ္စကို ကျုပ်စဥ်းစားပြီးပါပြီ… ကျုပ်က သွေးရာမခန်းမနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ….." ယီယွမ်က ပြောဆိုခဲ့သည်။

"ဟားဟား… အခြေအနေနဲ့ အချိန်အခါကို နားလည်တဲ့သူက ပညာရှိတဲ့သူပဲ… ညီငယ်လေးအမှောင်ည… မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက တွေးကြည့်နိုင်မှာတောင် မဟုတ်ဘူး… ငါတို့သွေးရာမခန်းမနဲ့ ပူးပေါင်းတာက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပဲ… ဒီခရီးမှာ ငါက မင်းနဲ့အတူ ဆန်းကြယ်နယ်မြေကို ဝင်မယ်… မင်းက ဆန်းကြယ်နယ်မြေကနေ ပြန်ထွက်လာတဲ့အချိန်ရောက်ရင် ငါက မင်းကို အင်ပါရီရယ်မြို့ကြီးဆီ တိုက်ရိုက်ခေါ်သွားပေးမယ်….." ကောင်းကင်ကြယ်က ရယ်မောပြောဆိုလိုက်၏။

"စီနီယာဆန္ဒရှိသလို စီစဥ်ပါ….."

လက်ရှိအချိန်၌ ယီယွမ်က သူ၏ထက်ရှမှုအားလုံး ပျောက်ဆုံးပြီး အလွန်ကျိုးနွံလာသည့်ပုံ ပေါ်နေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now