Ch 1396 - 1398

91 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 100

Chapter-4

(ခင်ဗျားက ဒီနေ့တော့ လူမဟုတ်နိုင်လောက်တော့ဘူး)

ထိုအရာကို မည်သူတစ်ဦးတစ်ယောက်မှ မျှော်လင့်မထားခဲ့ကြပေ။

ယီယွမ်မှလွဲ၍ လူတိုင်းက ဤသို့ဖြစ်လာမည်ဟု လုံးဝထင်မထားခဲ့ကြပေ။

ယီယွမ်က သူမကို ဤသို့ပုံစံမျိုးဖြင့် သတ်ပစ်ခဲ့သည်။

ကွင်းပြင်တစ်ခုလုံးက အသက်ရှူချိန် အကြိမ်များစွာကြာအောင် တိတ်ဆိတ်သွားခဲ့ကြပြီး သူတို့၏ဦးနှောက်များက ထိုအရာကို နားလည်နိုင်စွမ်း မရှိခဲ့ကြပေ။

ဖက်တီးလေး ရှဲ့ကျင့်ရီကိုယ်တိုင်ပင် လုံးဝမှင်တက်မိနေခဲ့သည်။

တစ်နှစ်ကြာ လေ့လာစုံစမ်းမှုက ရှဲ့ကျင့်ရီကို  တုန်လှုပ်ချောက်ချားစေခဲ့သော်လည်း ဤသို့လုပ်ဆောင်ခဲ့သော သူ၏ မူလရည်ရွယ်ချက်မှာ  ရပ်တည်မှုတစ်ခုကို ထုတ်ပြပေးရန်မျှသာ ဖြစ်ပေသည်။

ချင်ဖေးယွီက သေသင့်သည်ဟု  သူက ခံစားခဲ့ရသော်လည်း  သူမကို သေဒဏ်ပေးရန် လုံးဝတွေးမထားခဲ့ပေ။ သူက သူမကို သင်ခန်းစာတစ်ခု ပေးလိုရုံမျှသာ ဖြစ်ပေ၏။

ဤသို့ဖြင့် ယီယွမ်က အမှန်တကယ်ပင် ကောင်းကင်ကို   အပေါက်ဖောက်ခဲ့မိပြီ ဖြစ်သည်။

"ကျုပ်က ဒါကို ဘာလို့မလုပ်ရဲရမှာလဲ… သူမရဲ့ပြစ်မှုတွေက အကြိမ်တစ်ရာလောက် သေသွားဖို့တောင် လုံလောက်တယ်….." သူက ဤသို့လုပ်ဆောင်ခဲ့ခြင်းမှာ  မှားယွင်းသည်ဟု လုံးဝမခံစားခဲ့ရ၍ ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။

"မင်း… မင်း… မင်း… သက်သေဘယ်မှာလဲ… ဘယ်မှာလဲ….." ရှဲ့ကျောက်ယွင်က ရုတ်တရက်ပင်  အော်ဟစ်ပြောဆိုခဲ့သည်။

…………

"သတ်လိုက်တာက သတ်လိုက်တာပေါ့… ဘာသက်သေလိုသေးလို့လဲ….." ယီယွမ်က ပခုံးတွန့်၍ ပြောဆိုလိုက်၏။

"ကောင်းတယ်… သတ်ခဲ့တာ ကောင်းတယ်….."

"သတ်ခဲ့တာ ကောင်းတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now