Book (91) Ch 1-3 (or) Ch 1256 - 1258

102 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(91)

Chapter-1

(နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ စွမ်းအား)

ဤအဖိုးကြီးထွက်လာချိန်၌ အန္တရာယ်ကြီးမားသော အော်ရာအရှိန်အဝါတစ်ခုက သူ့အပေါ် လွှမ်းခြုံလာသည်ဟု ယီယွမ်က ခံစားခဲ့ရ၏။

ဤသို့သောခံစားချက်က ဖန့်ထျန်းကို မျက်နှာချင်းဆိုင်နေရချိန်၌ ခံစားခဲ့ရသော ခံစားချက်နှင့် တူညီပေသည်။

ဤအဖိုးကြီးက အလွန်စွမ်းအားကြီးသည်ဟူသော ခံစားချက်ကို ယီယွမ်က ခံစားလိုက်ရ၏။

အလွန်အင်အားကြီးပေသည်။

သို့ရာတွင် ဤလိုဏ်ဂူနှင့် ပိုမိုနီးကပ်လာချိန်တွင် ယီယွမ်၏ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။

ယခုအချိန်တွင် သူ၏နှလုံးသားက ခုန်ထွက်လာလုနီးပါး ဖြစ်နေသည်ဟု ယီယွမ်က ခံစားခဲ့ရ၏။

ဤသို့သော နှလုံးခုန်နှုန်းက အဖိုးကြီးကြောင့် ခံစားရသောခံစားချက်မျိုး  လုံးဝမဟုတ်ပေ။

"ယီယွမ်… မစော်ကားစမ်းနဲ့….."

ထိုအခိုက်အတန့်တွင် အောင်းလီနှင့် ကလန်လေးခု၏ အကြီးအကဲချုပ်များက အလျင်အမြန်ရောက်လာခဲ့သည်။

ယီယွမ်က သူတို့ကို အာရုံစိုက်ခြင်း လုံးဝမရှိခဲ့ပေ။ လက်ရှိအချိန်၌ သူက ထိုလိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုစိတ်သာ ရှိနေခဲ့ပေသည်။

"စီနီယာ… ကျွန်တော်က အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး… ကျွန်တော်က ဒီလိုဏ်ဂူထဲကို တစ်ချက်လောက်ပဲ ဝင်ကြည့်ချင်တာပါ… ခွင့်ပြုပေးနိုင်မလား….."

ယီယွမ်က သူ၏ခံစားချက်များကို ကြိုးစား၍ တည်ငြိမ်စေလိုက်ပြီး ညှိနှိုင်းပြောဆိုသည့်လေသံဖြင့် ထိုအဖိုးကြီးကို ပြောဆိုလိုက်၏။

"ဒီနေရာက ဒီအဖိုးကြီးရဲ့ ကျင့်ကြံတဲ့နေရာပဲ… အခြားအရာတွေ ဘာမှမရှိဘူး… ပြီးတော့ ဒီလိုမျိုးတောင်းဆိုတာက ရိုင်းစိုင်းတယ်လို့ မင်းမထင်ဘူးလား….." အဖိုးကြီးက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now