CH 1773 - 1775

30 1 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 113

Chapter-7

(သက်သေပြခြင်း)

"ယန်အာ… မင်းက အခု ထွက်သွားတော့မလို့လား….."

အောင်းကျွင့်က ယီယွမ်၏လက်ဝါးကို တင်းတင်းဆုပ်၍ သူမ၏သားနှင့် ခွဲခွာရမည်ကို အလွန်အမင်း တွန့်ဆုတ်နေခဲ့သည်။

နောက်ဆုံးတွင် သူတို့အားလုံးအပေါ်သို့ မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင် လွှမ်းမိုးထားခဲ့သော ကျိန်စာကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်၍ သူမက အတားအဆီးမခံရတော့ဘဲ သူမ၏သားနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် သူမ၏သားက ချက်ချင်း ပြန်ထွက်သွားရန် ပြင်ဆင်နေခဲ့သည်။

ယီယွမ်က နယ်နှင်ကုန်းမြေတွင် သူ၏မိခင်ကို အချိန်တစ်လကြာ အဖော်ပြုပေးခဲ့သော်လည်း နောက်ဆုံးတွင် သူက နှုတ်ဆက်ထွက်ခွာရန် လိုအပ်နေပေသေးသည်။

ကျိကျန်းယန်၏ သေဆုံးမှုသတင်းကို အောင်းကျွင့်က သိရှိသွားခဲ့ပြီဖြစ်သည်။ ဤရက်အနည်းငယ်အတွင်း သူမက အမြဲတမ်း မှိုင်တွေညှိုးငယ်နေခဲ့၏။

ယီယွမ်က လီအာနှင့်အတူ နှစ်သိမ့်ပေးပြီးမှသာ အောင်းကျွင့်က စိတ်အေးချမ်းသွားခဲ့သည်။

"အမေ… အမေ့သားက လင်ရွှယ်ကို အများကြီး အကြွေးတင်လွန်းနေပါပြီ… ဒီနှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်နဲ့ အမြဲတမ်း နေထိုင်နေခဲ့ရပါတယ်… သူမကို တစ်ရက်စောပြီး မကယ်ဆယ်နိုင်ဘူးဆိုရင် ကျွန်တော်က စိတ်အေးအေးထားနိုင်ဖို့ ခက်ခဲပါတယ်….." ယီယွမ်က ခံစားချက်ပေါင်းများစွာပါသော လေသံဖြင့် ပြောဆိုလိုက်၏။

နောက်ဆုံးတွင် သူက သူ၏မိခင်နှင့် ပြန်ဆုံတွေ့နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူကလည်း ချက်ချင်းထွက်သွားလိုစိတ် မရှိခဲ့ပေ။

သို့သော် ကောင်းကင်တံတားကမ္ဘာကြီးတွင် သူ့ကို စောင့်ဆိုင်းနေသော ကိစ္စအများအပြား ရှိနေပေသေး၏။ သူက အချိန်အကြာကြီး နှောင့်နှေးနေနိုင်ခြင်း မရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now