Ch 1785 - 1787

20 2 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 114

Chapter-4

(လွှမ်းမိုးနိုင်သော အော်ရာအငွေ့အသက်)

"မင်းက ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ငါနဲ့ ယှဥ်ပြိုင်ဖော်စပ်ချင်တာလား… ဟားဟား… လူငယ်လေး… အခုအချိန်မှာ ငါက တော်တော်လေး သံသယဝင်နေပြီ… မင်းက မှော်ဆေးပညာကို တကယ်သိရဲ့လား….." ထိုစကားကိုကြားသော် ရို့ရှုက စိတ်ထိန်းမထားနိုင်တော့ဘဲ ရယ်မောလိုက်မိ၏။

"သိလား မသိဘူးလားဆိုတာ ခဏနေရင် ခင်ဗျားက သိလာပါလိမ့်မယ်… အကြီးအကဲချုပ်က ကိုယ့်စကားကိုယ် ဘာလို့ပြန်ရုတ်သိမ်းနေတာလဲ….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့သည်။

"ဟမ့်… မင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေတယ်ဆိုမှတော့ ဒီအဖိုးကြီးက မင်းရဲ့ရည်ရွယ်ချက် ပြည့်ဝအောင် ကူညီမပေးဘူးဆိုရင် မင်းက တော်တော်လေး စိတ်ပျက်သွားတော့မှာ မဟုတ်ဘူးလား….." ရို့ရှုက အေးစက်စွာပြုံး၍ ပြောဆိုလိုက်၏။

ရို့ရှု၏ ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဖော်စပ်ခြင်းနှင့် ပတ်သက်၍ ပြောမည်ဆိုလျှင် ထိုအရာက ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီး၏ ထူးခြားသောစွမ်းရည်ပင် ဖြစ်သည်။

တစ်ကြိမ်တွင် သူက အထွတ်အထိပ် ကောင်းကင်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဖော်စပ်ခဲ့ပြီး ထိုအရာက နတ်အဆင့်သို့ ရောက်ရှိရန် အနည်းငယ်မျှသာ လိုအပ်ခဲ့ပေ၏။

ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးအတွက် ဤအရာက အံ့မခန်းဖြစ်ရပ်တစ်ခု ဖြစ်သည်။

မှော်ဆေးပညာရှင်များကြားတွင် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးက ကြယ်သုံးပွင့် နတ်ဆေးလုံးများတွင် အခက်ခဲဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြ၏။

ကြယ်သုံးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်က ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဖော်စပ်လိုလျှင် ထိုအရာက အရူးတစ်ယောက်၏ ပြောစကားဖြစ်ကြောင်း သံသယဝင်စရာမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now