Ch 1411 - 1413

93 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 101

Chapter-4

(ပြောင်းလဲခြင်းကိုးခုရွှေခန္ဓာ- ပထမပြောင်းလဲခြင်း)

ချင်ထျန်းက မျက်မှောင်ကုတ်သွားခဲ့ပြီး တစ်စုံတစ်ရာ လွဲချော်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

သူက ရုတ်တရက် စစ်ဆေးကြည့်လိုက်ချိန်တွင် ထိုသူဝတ်ထားသော အဝတ်အစားများကို အလွန်ရင်းနှီးနေသည်ဟု ထပ်မံခံစားလိုက်ရပေ၏။

စောစောလေးတွင် သူသတ်ပစ်ခဲ့သော မြင်ကွင်းကို ပြန်လည်တွေးတောကြည့်မိချိန်၌ ထိုလူက ချင်ယွီနှင့် တူညီနေခဲ့ပုံ ပေါ်ပေသည်။

"အစ်ကိုကြီးချင်ထျန်း… လူမှား… လူမှားပြီးတော့ သတ်လိုက်မိပါပြီ… အဲဒါက… အဲဒါက ကောင်လေးယွီပါ….."

ချင်ဖေးနှင့်ချင်ကျန်း၏ လှုပ်ရှားမှုများက ချင်ထျန်း၏ လှုပ်ရှားမှုထက် အသက်ရှူချိန်တစ်ကြိမ် ပိုမိုနှေးကွေးနေခဲ့သော်လည်း သူတို့က အခြေအနေကို အနည်းငယ် ပိုမိုရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။

စောစောလေးမှ ချင်ထျန်း၏ဓားချက်တွင် သူ၏ခွန်အားများကို အကုန်အစင် ထည့်သွင်းထားခဲ့သည်။ ထိုအရာက အလွန့်အလွန် မြန်ဆန်နေခဲ့ပြီး ယီယွမ်ကို ပြန်လည်တုံ့ပြန်နိုင်သော အခွင့်အရေး လုံးဝမပေးမိစေရန် စီစဥ်ထားခဲ့ပေ၏။

ထိုသို့မြန်ဆန်လွန်းလှသော အမြန်နှုန်းအောက်တွင် တစ်ဖက်လူက မည်သူဖြစ်သည်ကို ချင်ထျန်းကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

သို့ရာတွင် ချင်ဖေးတို့နှစ်ဦးက အော်ဟစ်ရန်ပင် အချိန်မရခဲ့ဘဲ ချင်ယွီက သေဆုံးသွားခဲ့ပြီဖြစ်၏။

ချင်ဖေးတို့နှစ်ဦး၏ တုန်ယင်နေသော အသံများက အံ့အားသင့်နေသည့် ချင်ထျန်းကို ရုတ်တရက် သတိပြန်ဝင်လာစေခဲ့၏။

"မဖြစ်နိုင်ဘူး… ဘယ်လိုလုပ်ပြီးတော့ ကောင်လေးယွီဖြစ်နေတာလဲ… ဦးလေးယွမ်လုံက မိခင်ကလေး နှလုံးသားချိတ်ဆက်ပိုးကောင်ကို ယီယွမ်ရဲ့ ခန္ဓာကိုယ်မှာ ထည့်သွင်းထားတယ်ဆိုတာ အသိသာကြီးပဲ… ဘာလို့… ဘာလို့ ကောင်လေးယွီဖြစ်နေရတာလဲ….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now