Book ( 111 ) Ch 1 - 3 ( or ) Ch 1558 - 1560

82 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(111)

Chapter-1

(ကြောင်းကျိုးမဲ့သော တန်ကြေးများ)

"နတ်စွမ်းအင်ကျောက်တုံး ၆သန်း ပေးရမယ်….." ယီယွမ်က တည်ငြိမ်စွာ ပြောဆိုခဲ့သည်။ သူက ချန်ပျောင်၏ ထိတ်လန့်တုန်လှုပ်မှုကို ဂရုမစိုက်ခဲ့ပေ။

ဤစကားများထွက်လာသည်နှင့် ချန်ပျောင်က မျက်လုံးပြူးသွားခဲ့၏။

"၆… ၆သန်း… မင်းက သာမန်ကာလျှံကာ လုပ်ဆောင်လိုက်ရုံပဲကို တန်ကြေးက ၆သန်းတဲ့လား… မင်းက ငွေကြေးကို လုယက်နေတာပဲ….." ချန်ပျောင်က ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုခဲ့သည်။

ယီယွမ်က သူ့ကို အရူးတစ်ယောက်သဖွယ်ကြည့်၍ အေးအေးဆေးဆေး ပြောလိုက်၏။ "သာမန်ကာလျှံကာ လုပ်ဆောင်လိုက်ရုံပဲ ဟုတ်လား… ဒါဆိုရင် ကျုပ်က ဒီဟာကို သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်မယ်… သူက အခုလိုအခြေအနေမျိုး ပြန်ဖြစ်နိုင်ဦးမလားဆိုတာ ခင်ဗျားမြင်ရအောင် လုပ်ပေးမယ်….."

စကားပြောနေရင်းပင် ယီယွမ်က သူ၏လက်ဝါးကို ဖြန့်ပြလိုက်သည်။ သူ၏လက်ဝါးပေါ်တွင် ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်တွေ့နိုင်သော ပိုးကောင်လေးတစ်ကောင် ရှိနေခဲ့သည်။

ယီယွမ်က ဤပိုးကောင်လေးအပေါ်တွင် ကန့်သတ်စည်းတစ်ခု ဖန်တီးပြုလုပ်ထားခဲ့၍ ပိုးကောင်လေးက ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။

ဤပိုးကောင်လေးက ကန့်သတ်စည်းအတွင်း၌ နေရာတိုင်းကို ကိုက်ခဲနေခဲ့သည်။ လူတိုင်းက ဤမြင်ကွင်းကိုမြင်သော် လေအေးများကို ရှူသွင်းလိုက်ရ၏။

နင်စစ်ယွီက အေးစက်စွာပြုံး၍ ပြောဆိုခဲ့သည်။ "ဒီပိုးကောင်ကို အသင်္ချေအလောင်းကောင် အကြောကိုက်ဖြတ်ပိုးတီလို့ ခေါ်တယ်… ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေရဲ့ ရှေးဟောင်းသင်္ချိုင်းတွေထဲမှာ ပုန်းအောင်းနေထိုင်ကြတယ်… အဲဒီပိုးကောင်က သိုင်းပညာရှင်တွေရဲ့ သွေးကြောတွေကို စားသုံးရတာ အကြိုက်ဆုံးပဲ… ပြီးတော့ အဲဒါက သွေးကြောတွေထဲကို ရောက်သွားပြီဆိုတာနဲ့ အရိုးစွဲအဆိပ်တစ်မျိုးလို ဖြစ်သွားပြီး အဲဒါကို ဖိအားပေးထုတ်ယူရတာ တော်တော်လေးခက်ခဲတယ်… အပြင်ပိုင်းမြို့ကြီး တစ်ခုလုံးမှာ ဆရာသခင်ယီကလွဲပြီးတော့ သူ့ကို ဘယ်သူကမှ မကယ်ပေးနိုင်ဘူး… ၆သန်းနဲ့ လူ့အသက်ကို ဝယ်ယူရတာ စျေးကြီးလွန်းတယ်လို့ ရှင်က တွေးနေတာလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now