Ch 1152 - 1154

92 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 84

Chapter-4

(ဖီးနစ်ကိုးကောင်ကျွန်း၏ ပြဿနာ)

ဖီးနစ်ကိုးကောင်ကျွန်းပေါ်တွင် ဆိုင်ရှင်ပေါင်းများစွာက သူတို့၏အလုပ်များကို ရပ်တန့်၍ ယီယွမ်ဆေးလုံးဖော်စပ်နေသည်ကို လာရောက်ကြည့်ရှုနေခဲ့ကြ၏။

အဆင့်(6) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်နေခြင်းမှာ   ဧရာမသတင်းကြီးတစ်ခု ဖြစ်သည်။

"ဆရာသခင်ယီက တကယ်ကို အစွမ်းထက်လွန်းတယ်… ဆေးလုံးဖော်စပ်မှုမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီ… ဒါပေမဲ့ ဆန်းကြယ်အဆင့် ဒီဆေးလုံးကို  အဆင့်ကျော်ပြီးဖော်စပ်ဖို့က  ဖြစ်နိုင်ပါ့မလား….." 

"ငါက ဒီမတိုင်မီကတော့ တစ်ခါမှ မကြားဖူးဘူး… တကယ်လို့ အရင်ကဆိုရင် ဆရာသခင်ယီက ကြွားဝါနေတယ်လို့ပဲ ငါထင်မိနေမှာ… ဒါပေမဲ့ အခုတော့ ငါက ရလဒ်ကို တအားသိချင်နေပြီ….."

"ကျွတ်ကျွတ်… တကယ်လို့ ဆရာသခင်ယီက ဆန်းကြယ်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်တယ်ဆိုရင် အဲဒါက  နတ်ဘုရားနယ်မြေမှာ
အထွတ်အထိပ်အဆင့် မှော်ဆေးပညာရှင်အင်ပါယာ နောက်တစ်ယောက်ရှိလာပြီလို့ ဆိုလိုတာမဟုတ်ဘူးလား….."

"အဲဒီလိုမဟုတ်ဘူးလား… ချိုးယွဲ့ချိုး… အဲဒီအဖိုးကြီးက တစ်နေ့ပြီးတစ်နေ့ မောက်မာနေဖို့ပဲ တွေးနေတာလေ… ဒီတစ်ကြိမ်တော့ သူက မျက်နှာပျက်ရတော့မှာပဲ… ဟုတ်တယ်မလား….."

……..

ချိုးယွဲ့ချိုးအပေါ် လူအများ၏အမြင်က ကောင်းမွန်ခြင်းမရှိကြောင်း သိသာထင်ရှားနေခဲ့သည်။ ယီယွမ်၏ မျက်နှာဖြတ်ရိုက်ခြင်းကို ခံယူရပြီး ချိုးယွဲ့ချိုးက   အချိုးပြောင်းသွားမည့် မြင်ကွင်းကို လူအများအပြားက  မြင်တွေ့လိုနေခဲ့ကြ၏။

နဂါးဧကရာဇ်ဆေးအိုး လှုပ်ရှားချိန်တွင် ကောင်းကင်က မှောင်မိုက်သွားခဲ့သည်။ ကြယ်ကိုးစင်းအစီအရင်ပုံစံတစ်ခုက ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့ပြီး နေမင်းကို ဖုံးအုပ်သွားခဲ့ခြင်းဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now