Ch 1791 - 1793

17 3 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 114

Chapter-10

(အကွာအဝေး အမွေအနှစ်အတွင်း၌ ပိတ်မိနေသောလူ)

အစက်အပြောက်၏ အလင်းက မှုန်မှိုင်းသည်ထက် မှုန်မှိုင်းလာခဲ့သည်ကို မြင်သော် လင်ယွင်က သက်ပြင်းချ၍ ပြောဆိုခဲ့၏။ "ဘယ်လောက်တောင် နှမြောစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလဲ… မှော်ဆေးပညာ ထူးချွန်သူတစ်ယောက်က အခုလိုပုံစံမျိုးနဲ့ တကယ်ကျဆုံးသွားပြီပဲ….."

အစက်အပြောက်၏အလင်း ပျောက်ကွယ်သွားသည်နှင့် ဤပုဂ္ဂိုလ်က ဖရိုဖရဲနေရာလပ် အတွင်း၌ ထာဝရလမ်းပျောက်သွားပြီး ပြန်ထွက်လာနိုင်စွမ်းမရှိတော့ဟု ဆိုလိုခြင်းဖြစ်၏။

သို့သော် ရို့ရှုက အထင်သေးဟန်ဖြင့် ပြောဆိုလိုက်သည်။ "အဲဒါက သူကိုယ်တိုင် ကိုယ့်သေလမ်းကိုယ်ရှာခဲ့တာပဲ… သူက ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် နတ်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့လို့ သူ့ကိုယ်သူ ထူးခြားတယ်လို့ သတ်မှတ်ပြီး အခြားသူတွေရဲ့ အကြံပေးစကားကို နားထောင်စရာမလိုတော့ဘူးလို့ တွေးခဲ့တာပဲ… ရက်အနည်းငယ်တောင် မကြာလိုက်ဘဲနဲ့ သူက အကွာအဝေး အမွေအနှစ်ထဲကို တကယ်ဝင်သွားရဲတာပဲ….."

လင်ယွင်က ရို့ရှုကို တစ်ချက်ကြည့်လိုက်သော်လည်း ရေလိုက်ငါးလိုက် ပြောဆိုရဲခြင်း မရှိခဲ့ပေ။

အထက်ပိုင်းပုဂ္ဂိုလ်များ၏ ပဋိပက္ခက သူကဲ့သို့သော ငါးပေါက်လေးများ ပါဝင်ပတ်သက်နိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။

အကြီးအကဲချုပ် ယနေ့တွင် ရောက်လာခဲ့သော ရည်ရွယ်ချက်ကို သူကလည်း နားလည်ပေ၏။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူက မည်သည့်အရာကိုမှ ပြောနိုင်ခြင်းမရှိပေ။

ရုတ်တရက်ပင် လင်ယွင်၏ မျက်လုံးများက အရောင်လက်သွားခဲ့ပြီး သူက အံ့ဩစွာ ပြောဆိုလိုက်သည်။ "အမ်… အစက်အပြောက်အလင်းက နောက်တစ်ကြိမ် ပြန်တောက်ပလာပြီ….."

ရို့ရှု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး မူလတွင် မှုန်မှိုင်းနေပြီဖြစ်သော အစက်အပြောက်အလင်းက နောက်တစ်ကြိမ် ပြန်လည်တောက်ပလာခဲ့ကြောင်း အမှန်တကယ် တွေ့ရှိသွားပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now