Ch 1779 - 1781

29 1 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 113

Chapter-13

(အရှက်ရဖွယ် အဆင့်ရပ်တည်မှု)

အသံတိုးတိုးတစ်ခုကို ကြားလိုက်ရ၏။ မူလက ပျံလွှားတစ်ကောင် အရွယ်အစားမျှသာ ရှိနေခဲ့သော ဖီးနစ်ငှက်လေး၏ ခန္ဓာကိုယ်က ရုတ်တရက်ပင် ကြီးမားလာခဲ့သည်။

ထိုအသွင်အပြင်က တောက်ပသော နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ အလွန်အမင်း မျက်စိကျိန်းဖွယ်ကောင်းနေခဲ့၏။

နင်စစ်ယွီကို တားဆီးပိတ်ဆို့ထားကြသော ထိုဂိုဏ်းတူညီငယ်များအားလုံးက အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြသည်။ သူတို့၏ ဂိုဏ်းတူအစ်ကိုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သော နင်စစ်ယွီက ထိုအချိန်တွင် သူမ၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိကြောင်း သူတို့က အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။

ဤအရာက အစစ်အမှန် ဖီးနစ်မီးတောက်ဖြစ်ပြီး အလွန်အစွမ်းထက်နေခဲ့သည်။

ဖီးနစ်မီးတောက်က မီးဓာတ်အရင်းအမြစ်များ၏ ဝိညာဥ်ဖြစ်ပေသည်။ သူတို့က ပုံရိပ်ယောင်များသာ ဖြစ်ကြသည့်တိုင် ထိုအရာက နတ်မီးတောက်များ၏ စွမ်းအားကို အကောင်းဆုံး ထုတ်ဖော်နိုင်သော ပုံစံပင် ဖြစ်ပေ၏။

နှိုင်းယှဥ်ကြည့်လိုက်လျှင် စုန့်ချီယန် ဖွဲ့စည်းဖြစ်ပေါ်စေခဲ့သော အမှောင်ကောင်းကင်နဂါးက အလွန်အဆင့်နိမ့်နေခဲ့သည်။

နတ်မီးတောက်များက ပုံစံမျိုးစုံအဖြစ်သို့ လွတ်လွတ်လပ်လပ် ဖွဲ့စည်းနိုင်ခြင်း မရှိပေ။ ဤအရာက ထိန်းချုပ်သူ၏ ခွန်အားအပေါ်တွင် မူတည်ပေသည်။

နိမ့်ကျသောစွမ်းရည်ကို ပိုင်ဆိုင်သူများက သူတို့၏ နတ်မီးတောက်ကို အဆင့်နိမ့်ပုံစံအချို့ အဖြစ်သာ ဖွဲ့စည်းနိုင်ပေသည်။

သူတို့၏ နတ်မီးတောက်များကို စုန့်ချီယန်ကဲ့သို့ နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းနိုင်စွမ်းရှိသူများက အလွန်အစွမ်းထက်သည်ဟု သတ်မှတ်နိုင်ပြီဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now