Ch 1353 - 1356

84 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 97

Chapter-7

(ကြောက်စရာကောင်းသော ကျင့်ကြံခြင်းပညာရပ်)

"ဖရိုဖရဲ ကောင်းကင်တံတားကျမ်း ဟုတ်လား….." အမှုန်မဲ့က ထိုနာမည်ကိုကြားလိုက်ပြီးနောက် အနည်းငယ်စဥ်းစား၍ ပြောဆိုခဲ့သည်။ "မင်းဖန်တီးခဲ့တဲ့ ဒီကျင့်ကြံခြင်းပညာရပ်က ကောင်းကင်တံတားတောင်ကို ဆင့်ခေါ်လိုက်တာများ ဖြစ်နေမလား… ဒါက… ဒါက လုံးဝမဖြစ်နိုင်ဘူးလေ….."

ယီယွမ်က ပခုံးတွန့်၍ ပြောဆိုလိုက်၏။ "ဘယ်သူက ဂရုစိုက်လို့လဲ… ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ လူတိုင်းက အဆင်ပြေနေကြတာပဲ မဟုတ်ဘူးလား… အာ… စီနီယာ… ကျွန်တော် တံခါးပိတ်ကျင့်ကြံနေတာ အချိန်ဘယ်လောက်ကြာသွားပြီလဲ….."

"ကမ္ဘာထိန်းချုပ်ခြင်းကျောက်တိုင် အတွင်းမှာ နှစ်ပေါင်းသုံးရာ ကြာမြင့်သွားခဲ့ပြီ….."

လက်ရှိအချိန်တွင် အမှုန်မဲ့က အလွန်အမင်း  ထိတ်လန့်တုန်လှုပ်နေဆဲပင် ဖြစ်သည်။ ယီယွမ်က တံခါးပိတ်ကျင့်ကြံခြင်း မပြုလုပ်ခင်အချိန်တွင် ယီယွမ်က အနည်းဆုံးအနေဖြင့် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရန် လိုအပ်မည်ဟု အမှုန်မဲ့က ပြောဆိုခဲ့၏။

သို့သော် ယခုအချိန်တွင် ယီယွမ်က အပြင်လောက၏ နှစ်ပေါင်းသုံးဆယ်သာ အချိန်ယူ၍ ဖရိုဖရဲ ကောင်းကင်တံတားကျမ်းကို ဖန်တီးနိုင်ခဲ့သည်။

"နှစ်ပေါင်းသုံးဆယ် ကြာမြင့်သွားခဲ့ပြီလား… မျှော်စင်သခင်ယန်တို့အားလုံးက  နောက်တစ်ကြိမ် စိတ်လောကြီးနေကြပြီလို့ ကျွန်တော်ထင်တယ်… ဟုတ်တယ်မလား….." ယီယွမ်က ခါးသီးစွာပြုံး၍ ပြောဆိုလိုက်၏။

သူ၏ဆေးလုံးများမရှိလျှင် အသင်္ချေရတနာမျှော်စင်က အရှုပ်အထွေးများအကြားတွင် ခိုင်ခိုင်မာမာ ရပ်တည်ခြင်းက လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။

ယီယွမ်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ချိန်တွင် အမှုန်မဲ့က သူ့ကို တားဆီးခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now