Ch 1110 - 1112

97 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 81

Chapter-7

(တန်ပြန်သတ်ဖြတ်ခြင်း)

ကျောက်လင်းတုံ၏အတွေးက မှန်ကန်ပေသည်။ ယီယွမ်က ထိုသို့ပြုလုပ်ရန် စီစဥ်ထားခြင်းဖြစ်သည်။

မိုအာ့ထုံမှလွဲ၍ ကျန်လူအားလုံးက ပုံရိပ်ယောင်နယ်မြေတစ်ခု အတွင်းသို့ ကျရောက်သွားခဲ့ပေ၏။ သူတို့က အချိန်တိုအတွင်း ပုံရိပ်ယောင်နယ်မြေထဲမှ လွတ်မြောက်လာရန် လုံးဝမဖြစ်နိုင်ပေ။

လက်ရှိအချိန်၌ မိုအာ့ထုံကသာ ယီယွမ်၏ အထူးဂရုစိုက်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။

တတိယအဆင့်၌ ယီယွမ်က သားကောင်တစ်ကောင်ဖြစ်ခဲ့ရ၍ ပြန်လည်တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။

လရောင်တံလျှပ်ကို ထုတ်ဖော်အသုံးပြုခြင်းက သူ၏အကန့်အသတ်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်၌ ယီယွမ်က အချိန်လုံလောက်စွာရရှိခဲ့၍  သာသာယာယာပင် ရင်ဆိုင်တိုက်ခိုက်နိုင်ပြီဖြစ်၏။

ကိုး-ကိုး ဝိညာဥ်ပုံရိပ်ယောင် ကောင်းကင်သတ်ဖြတ်မှုဝင်္ကပါက မိုအာ့ထုံအတွက် သူပြင်ဆင်ပေးထားသော အထူးဟင်းလျာတစ်ခုဖြစ်သည်။

မိုအာ့ထုံက အခြားသူများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ချိန်တွင် သူက ပုံရိပ်ယောင်နယ်မြေတစ်ခုထဲသို့ နောက်တစ်ကြိမ်
ထပ်မံကျရောက်ခဲ့ကြောင်း ချက်ချင်းနားလည်သွားခဲ့၏။

လရောင်တံလျှပ်နှင့်ယှဥ်လျှင် ကိုး-ကိုး ဝိညာဥ်ပုံရိပ်ယောင် ကောင်းကင်သတ်ဖြတ်မှုဝင်္ကပါက ပုံရိပ်ယောင်စွမ်းရည်အရာ၌ အများကြီးအဆင့်နိမ့်ကျပေ၏။

သို့ရာတွင် ကိုး-ကိုး  ဝိညာဥ်ပုံရိပ်ယောင် ကောင်းကင်သတ်ဖြတ်မှုဝင်္ကပါက ပုံရိပ်ယောင်နယ်မြေတစ်ခုမျှသာ မဟုတ်ပေ။ ယီယွမ်က ဤအစီအရင်ကို ခင်းကျင်းထားရဲခြင်းမှာ မိုအာ့ထုံကို ရှင်းလင်းရန် ရည်ရွယ်ထားသောကြောင့်ပင် ဖြစ်သည်။

ပုံရိပ်ယောင်နယ်မြေအတွင်းသို့ ကျရောက်နေကြောင်း သိလိုက်သည်နှင့် မိုအာ့ထုံ၏ ပထမဆုံးတုံ့ပြန်မှုက စိတ်ဝိညာဥ်ကွဲကြေခြင်းမှန်ကို အသုံးပြုခြင်းဖြစ်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now