1555 - 1557

131 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 110

Chapter-13

(ငါ့နေရာမှာ ငါပဲဆုံးဖြတ်မယ်)

"တောင်းဆိုမှုအားလုံးကို လက်ခံဖြည့်ဆည်းပေးမယ် ဟုတ်လား… ဟမ့်… တကယ်ကို အရှက်မရှိကြွားဝါတာပဲ… ဒီအဖိုးကြီးက မှော်ဆေးပညာမှာ နှစ်ပေါင်းအများကြီး ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားခဲ့တာတောင် အခုလို စကားကြီးစကားကျယ်မျိုးကို မပြောရဲသေးဘူး… သူနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်နေဖို့မလိုဘူး… ရက်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ ဆိုင်းဘုတ်က ဖျက်ဆီးခံရလိမ့်မယ်….."

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အံ့ဖွယ်လက်ခန်းမ၏ 'တောင်းဆိုမှုအားလုံးကို လက်ခံဖြည့်ဆည်းပေးမယ်' ဆိုင်းဘုတ် သတင်းက အလွန်မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပေသည်။

အံ့ဖွယ်လက်ခန်းမ၏ အကြောင်းကို ဝူဖုန့်က အလွန်မြန်ဆန်စွာပင် ကြားသိသွားခဲ့သည်။ သို့သော် 'တောင်းဆိုမှုအားလုံးကို လက်ခံဖြည့်ဆည်းပေးမယ်' ဆိုင်းဘုတ်နှင့် ပတ်သက်၍မူ သူက လှောင်ပြောင်ရယ်မောခဲ့၏။

ဤလောကကြီးတွင် 'တောင်းဆိုမှုအားလုံးကို လက်ခံဖြည့်ဆည်းပေးမယ်' ဟူ၍ ကြွားဝါပြောဆိုရဲသော တစ်စုံတစ်ယောက် အမှန်တကယ် ရှိနေခဲ့သည်။

"ဆရာသခင်… တကယ်ပဲ ဂရုမစိုက်တော့ဘူးလား… အဲဒီဆေးဆိုင်ရဲ့ မှော်ဆေးပညာရှင်က နတ်အဆင့် ကြယ်သုံးပွင့် နတ်ဆေးလုံးတစ်လုံး အမှန်တကယ် ဖော်စပ်ခဲ့တာကို လူတွေအများကြီး မြင်တွေ့ခဲ့တယ်လို့ ကျုပ်ကြားထားပါတယ်….." တာဝန်ခံက ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင် ဝူဖုန့်က နှာခေါင်းရှုံ့၍ ပြောဆိုခဲ့သည်။ "နတ်အဆင့် ကြယ်သုံးပွင့် နတ်ဆေးလုံး ဟုတ်လား… မှားယွင်းတဲ့ အနေအထားနဲ့ ချဲ့ကားပြောဆိုတဲ့ ကိစ္စတစ်ခုကို မင်းက တကယ်ယုံကြည်နေတာပဲ… နတ်အဆင့် ကြယ်သုံးပွင့် နတ်ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ တစ်စုံတစ်ယောက်က ဒီတောင်ပိုင်းမြို့ရဲ့ ဆေးဆိုင်လေးတစ်ခုမှာ ရှိနိုင်ပါ့မလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now