1546 - 1548

86 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 110

Chapter-4

(ကျုပ်က ဒီနေရာကို ယှဥ်ပြိုင်ဖို့ ရောက်လာတာ မဟုတ်ဘူး)

"ဘာ… နာမည်ပြောင်းရမယ် ဟုတ်လား… ကနဦးအဆင့် မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကြောင့်လား… နံပါတ်ငါး… မင်းက ငါ့ကို နောက်ပြောင်နေတာလား….."

နဂါးသတ်ဂိုဏ်း၏ခေါင်းဆောင် ရှင်းကွမ်က မုန့်ဟော်ကို သံသယဖြစ်နေသော အကြည့်ဖြင့် ကြည့်နေခဲ့ပြီး သူ၏မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေခဲ့သည်။

မူလဇာစ်မြစ် နတ်တန်ခိုးရှင် ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက်က နဂါးသတ်ဂိုဏ်းကို နာမည်ပြောင်းလဲရန် လာရောက်ပြောဆိုခဲ့၏။ နံပါတ်ငါးက သူ့ကို ရိုက်ချက်တစ်ချက်တည်းနှင့် သေအောင်ရိုက်သတ်ခြင်း အမှန်တကယ် မရှိခဲ့ပေ။

ထို့ပြင် သူတို့က မည်သည့်အတွက် သူတို့ဂိုဏ်း၏ နာမည်ကို ပြောင်းလဲရမည်နည်း။

'နဂါးသတ်ဂိုဏ်း' နာမည်က အလွန်အထက်စီးဆန်ပေသည်။

မုန့်ဟော်၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးနေခဲ့သည်။ ယီယွမ်၏ခွန်အားက သူ့ထက် ပိုမိုမြင့်မားသည်ဟု သူက ဝန်ခံလိုခြင်းမရှိပေ။ ထိုအရာက ရှက်စရာကောင်းလွန်းပေ၏။

နှောင်းပိုင်းအဆင့် တတိယပြောင်းလဲခြင်း ရွှေခန္ဓာက မူလဇာစ်မြစ် နတ်တန်ခိုးရှင် ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက်ကို အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။ အကယ်၍ ဤကိစ္စသာ အပြင်သို့ ပျံ့နှံ့သွားခဲ့မည်ဆိုလျှင် သူက တောင်ပိုင်းမြို့ တစ်ခုလုံး၏ ရယ်မောဖွယ်ကိစ္စ ဖြစ်လာပေလိမ့်မည်။

"ဒါကို အစ်ကိုကြီး မသိပါဘူး… အဲဒီကောင်လေးရဲ့ ရွေ့လျားခြင်းပညာရပ်က တော်တော်လေးမြန်တယ်… သတိနည်းနည်းလွတ်သွားတာနဲ့ သူက အဲဒါကို အခွင့်အရေးယူလိုက်တာပဲ… ကျုပ်တို့ဌာနချုပ်က သူ့ကို မကြောက်ဘူးဆိုရင်တောင် ဌာနခွဲတွေကတော့ ပြောဖို့ခက်ပါတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now