1471 - 1473

84 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 105

Chapter-4

(ကမ္ဘာစွမ်းအား)

ကောင်းကင်တစ်ခုလုံးက တွန့်လိမ်ပုံပျက်လာခဲ့ပုံ ပေါ်နေခဲ့သည်။

ရှေ့တွင် အလွန်ကြီးမားသော စွမ်းအားတစ်ခု ရှိနေသည်ဟု ယီယွမ်က ခံစားခဲ့ရ၏။ သူ၏တစ်ကိုယ်လုံးက ဝါဂွမ်းတိမ်တိုက်တစ်ခုအတွင်း နစ်မြုပ်နေသကဲ့သို့ ဖြစ်သွားခဲ့ပြီး မည်သို့ပင်ကြိုးစားစေကာမူ ချိုးဖျက်မထွက်နိုင်ခဲ့ပေ။

"ဒါက ကမ္ဘာစွမ်းအားပဲ… အဲဒီဝူမုန့်မြို့ပိုင်သခင်က ကိုယ်တိုင်ရောက်လာခဲ့ပြီ….." အမှုန်မဲ့၏ စကားသံက ယီယွမ်၏စိတ်ထဲသို့ ရောက်လာခဲ့သည်။

ယီယွမ်၏ နှလုံးသားက ချောက်ထဲသို့ ရုတ်ချည်းထိုးကျသွားခဲ့သည်။ သူအစိုးရိမ်ဆုံးကိစ္စမှာ ဝူမုန့်မြို့ပိုင်သခင် ပါဝင်လာမည့်အဖြစ်ကိုပင် ဖြစ်၏။ ထိုလူက အမှန်တကယ် လှုပ်ရှားလာခဲ့မည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

မူလတွင် ဝူမုန့်မြို့ပိုင်သခင်က ဤသို့သော ကိစ္စမျိုးကို စိတ်ဝင်စားခြင်းမရှိဟု ယီယွမ်က ထင်ထားခဲ့သည်။

ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် သူက အမှန်တကယ် မှားယွင်းတွက်ချက်ခဲ့မိပုံရပေ၏။

ချင်မိသားစုနှင့် ဝူမုန့်မြို့ပိုင်သခင်တို့အကြားမှ ပတ်သက်မှုက သူတွေးထားသည်ထက်ပင် အများကြီး ပိုမိုနက်ရှိုင်းနေခဲ့၏။

သူက လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း သိရှိသွားခဲ့၍ ယီယွမ်က ခုခံကာကွယ်မှုကို ရိုးရိုးရှင်းရှင်း လက်လျှော့လိုက်ပြီဖြစ်သည်။

ဤအချိန်တွင် ချင်ကျောက်ယွင်တို့သုံးဦးက နောက်ဆုံး၌ ယီယွမ်ကို လိုက်မီသွားခဲ့ကြပြီဖြစ်၏။

လက်ရှိအခြေအနေကိုမြင်သော် ချင်ကျောက်ယွင်က အူလှိုက်သည်းလှိုက်ရယ်မော၍ ပြောဆိုလိုက်သည်။ "ကောင်စုတ်လေး… မင်းက အပြေးသန်လွန်းတယ် မဟုတ်လား… ငါမြင်ရအောင် ပြေးပြဦးလေ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now