1489 - 1491

99 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-7

(မျှော်လင့်မထားသော ကြုံတွေ့မှု)

"ထွက်သွားကြ….."

ယီယွမ်၏မျက်နှာက တင်းမာသွားခဲ့ပြီး မိစ္ဆာမျိုးနွယ် ထိုမိန်းမများကို အေးစက်စွာ ပြောဆိုလိုက်သည်။

ရေခဲတမျှအေးစက်နေသော လူသတ်လိုစိတ်တစ်ခု ထွက်လာခဲ့၏။ မိစ္ဆာမျိုးနွယ် ထိုမိန်းမများအားလုံးက ဖြူဖျော့သွားခဲ့ပြီး အလိုအလျောက်ပင် နောက်ဆုတ်သွားခဲ့ကြသည်။

အကယ်၍ ယခင်ကဆိုလျှင် သူမတို့က ယီယွမ်၏စကားကို အလေးအနက်မထားဘဲ သူ့အနီးတွင်ကပ်၍ ကလူကျီစယ် ပြုမူကြမည်ဖြစ်သည်။

သို့သော် ယခုတွင်မူ ယီယွမ်က လန်ကဲကို ဓားနှစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့၏။ မည်သူက သူ၏စကားကို အလေးအနက်မထားဘဲ နေရဲမည်နည်း။

မိန်းမအားလုံးက လမ်းဖယ်ပေးလိုက်ကြသည်။ ယီယွမ်က သူတို့၏အလယ်မှ ဖြတ်သွားပြီး မြို့တံခါးသို့ ဦးတည်လိုက်သည်။

မိစ္ဆာမျိုးနွယ်နယ်မြေတွင် လမ်းပေါ်၌ လူသတ်ခြင်းကဲ့သို့သော အရာမျိုးက အလွန်အမင်း သာမန်ဖြစ်သော ကိစ္စတစ်ခု ဖြစ်၏။ မြို့ကြီး၏အစောင့်များက ထိုကိစ္စကို တစ်ချက်ကြည့်ရန်ပင် အလုပ်ရှုပ်မခံခဲ့ပေ။

မိစ္ဆာမျိုးနွယ်တွင် အားနည်းသူက သန်မာသူ၏ သားကောင်ဖြစ်ရသော အဖြစ်အပျက်မျိုး ကြောက်စရာကောင်းအောင် ဖြစ်ပျက်လေ့ရှိသည်။

သင်ကသာ လုံလုံလောက်လောက် သန်မာနေလျှင် ရိုသေလေးစားမှု ရရှိနိုင်ပေ၏။

အကယ်၍ သင်ကသာ အလွန်အားနည်းနေလျှင် အညံ့ခံမည်လော သို့မဟုတ် အသက်အသေခံမည်လော ရွေးချယ်ရမည်ဖြစ်ပြီး ထိုအရာက ရိုးရှင်းပေသည်။

သို့ဖြစ်၍ ယီယွမ်က လန်ကဲကို သတ်ဖြတ်ရာတွင် စိတ်ပိုင်းဆိုင်ရာ အတားအဆီး အနည်းငယ်မျှပင် မရှိခဲ့ပေ။

ယီယွမ်က မြို့အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်ချိန်တွင် အဖိုးကြီးတစ်ယောက်က သူ၏လမ်းကို ရုတ်တရက် ပိတ်ဆို့ထားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now