Ch 1295 - 1297

98 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 93

Chapter-10

(ဥပဒေထိန်းသိမ်းရေးခန်းမ)

"အရှင်… အရှင့်ရဲ့ညွှန်ကြားချက်အတိုင်း လူသားတွေအားလုံးကို ဒီမွန်းနယ်မြေကနေ ထုတ်ပယ်ပြီးပါပြီ… ပြီးတော့ ဆန်းကြယ်ဂိတ်ကိုလည်း ဖျက်သိမ်းမယ်လို့ အမိန့်ထုတ်ပြီးပါပြီ….."

ခန်းမထဲတွင် ကောယွင်ကျီက ယီယွမ်ကို လူသားမျိုးနွယ် စီမံခန့်ခွဲမှုလုပ်ငန်းစဥ်အကြောင်း  အသေးစိတ် တင်ပြနေခဲ့သည်။

လူသားမျိုးနွယ်တွင် ကိုယ်ပိုင်ရှင်သန်မှုစွမ်းရည်များ ရှိကြပေ၏။ ယီယွမ်က သူတို့ကို ဒီမွန်းနယ်မြေမှ မောင်းထုတ်လိုက်ပြီးနောက် မကြာမီအချိန်အတွင်း သူတို့က အစီအစဥ်အသစ်ကို ဖြစ်ပေါ်လာစေပေလိမ့်မည်။

မိစ္ဆာမျိုးနွယ်၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် ထိခိုက်ဆုံးရှုံးခဲ့ရသော  ဒီမွန်းမျိုးနွယ်၏ ဆုံးရှုံးမှုများကလည်း အလွန်များပြားပြင်းထန်နေခဲ့၍ သူတို့က အနားယူပြီး အင်အားပြန်လည်စုစည်းရန် လိုအပ်ပေသည်။

ယီယွမ်က တင်းကျပ်သော အမိန့်တစ်ခု ထုတ်ပြန်ထားခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းတစ်ရာအတွင်း အကယ်၍ လူသားများက ဒီမွန်းနယ်မြေသို့ ကျူးကျော်ဝင်ရောက်လာခဲ့လျှင် သနားညှာတာမှုမရှိ သတ်ဖြတ်ခံရမည်ဖြစ်သည်။

မူလကတည်းက  သိုင်းပညာရှင်များ၏ လောကတွင် အားနည်းသူများက အားကြီးသူများ၏ စားသောက်ခြင်းကို
ခံရလေ့ရှိသော်လည်း ယီယွမ်က  ကျောက်လူသားကလန်၏ အဖြစ်အပျက်ကဲ့သို့ တူညီသောအမှားမျိုးကို  ထပ်မံဖြစ်ပေါ်လာစေလိုခြင်း မရှိတော့ပေ။

ထိုအစီအရင်ခံမှုကို နားထောင်ပြီးနောက် ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။ "မင်းက ကောင်းကောင်းလုပ်ဆောင်ခဲ့တာပဲ… ဆန်းကြယ်ဂိတ်က ဖျက်သိမ်းပြီးပြီဆိုပေမဲ့ ဒီတစ်ကြိမ် မိစ္ဆာကပ်ဘေးကြောင့် ငါတို့က နှစ်ပေါင်းတစ်ထောင် ဒါမှမဟုတ် အဲဒါထက်ပိုကြာပြီးမှ အင်အားအနည်းငယ် ပြန်ရနိုင်လိမ့်မယ်… ဒီကာလတွေအတွင်းမှာ နတ်ဘုရားနယ်မြေက သတ်ဖြတ်မှုတွေကနေ  ရှောင်လွှဲလို့မရနိုင်ဘူး… ဒါကြောင့် နတ်ဘုရားနယ်မြေရဲ့ အင်အားစုတွေနဲ့ မသက်ဆိုင်တဲ့  ဥပဒေထိန်းသိမ်းရေးခန်းမတစ်ခု တည်ထောင်ပြီး အသိစိတ်ကိုလွန်ဆန်ပြီးတော့  အပြစ်တွေကျူးလွန်ကြတဲ့သူတွေကို အပြစ်ပေးဖို့အတွက် ငါစီစဥ်ထားတယ်… ဒီဥပဒေထိန်းသိမ်းရေးခန်းမကို စီနီယာ ကောင်းကင်ဝေးကွာခြင်းက ဦးဆောင်လိမ့်မယ်… ဥပဒေထိန်းသိမ်းရေးခန်းမရဲ့ စီမံခန့်ခွဲမှုကိစ္စတွေကို မင်းက ဦးဆောင်တာဝန်ယူရလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now