Ch 1113 - 1115

104 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 81

Chapter-10

(မုန်းတီးနေတဲ့ခွေးက  ကြွက်တစ်ကောင်လိုပဲ   သတ္တိနည်းနေတယ်)

ကျောက်လင်းတုံက နောက်မှနေ၍ အလောတကြီးလိုက်ဖမ်းရန် ပြင်ဆင်လိုက်သည်။ သို့သော် သူက ရုတ်တရက်ပင် မျက်မှောင်ကုတ်လိုက်ပြီး ရပ်တန့်သွားခဲ့၏။

အမ်… နောက်က မလိုက်တော့ဘူးလား…..

"ဝု… ဝု….." ဘေးတွင်ရှိသော  ကောင်းကင်အော်သံက နားမလည်ဟန်ဖြင့်  နှစ်ကြိမ်ဟောင်လိုက်သည်။ 

ကျောက်လင်းတုံက သူ၏မေးခွန်းကိုဖြေဆိုဟန်ဖြင့် ခေါင်းညိတ်၍ ပြောဆိုခဲ့၏။ "ဒီကောင်က မြေခွေးတစ်ကောင်လို ကောက်ကျစ်တယ်… အလောတကြီး လိုက်မသွားတာ ပိုကောင်းတယ်… မိုတာ့ထုံနဲ့ မိုစန့်ထုံ ရောက်လာတာကို စောင့်ဆိုင်းပြီးမှ ငါတို့က အတူတူသွားကြမယ်… ငါတို့က သူ့အပေါ်ကို ပစ်မှတ်ထားလိုက်ပြီး ထွက်ပြေးခွင့်မပေးရုံပဲ… ဒါဆိုရင် အလုပ်ဖြစ်သွားလိမ့်မယ်….."

လက်ရှိအချိန်၌ ကျောက်လင်းတုံကလည်း ကြောက်ရွံ့မှုကြောင့် တွန့်ဆုတ်နေပြီဖြစ်သည်။

ယီယွမ်၏ အကြံအစည်အောက်၌ တစ်ကြိမ်ပြီးတစ်ကြိမ် ကျရောက်ခဲ့ရ၍ သူတို့က အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်ဟု ပြောနိုင်ပေ၏။ 

မိစ္ဆာကုန်းမြင့် လူထူးလူဆန်းနှစ်ယောက် ရောက်ရှိလာသည်ကို စောင့်နေပြီးမှ အတူတကွ သွားရောက်ခြင်းက  ပိုမိုအန္တရာယ်ကင်းမည်ဟု ကျောက်လင်းတုံက ခံစားနေခဲ့ရသည်။

မကြာမီပင် မိုတာ့ထုံနှင့် မိုစန့်ထုံတို့ ရောက်ရှိလာခဲ့ကြ၏။

ကျောက်လင်းတုံက နေရာမှာတင်ရပ်နေပြီး နောက်မှနေ၍
လိုက်ဖမ်းခြင်းမပြုသည်ကို မြင်သော် မိုတာ့ထုံက မျက်မှောင်ကုတ်၍ ပြောဆိုလိုက်၏။ "မင်းက ဘာလို့ နောက်ကနေ လိုက်မဖမ်းတော့တာလဲ….." 

ကျောက်လင်းတုံက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောဆိုခဲ့သည်။ "သူက အဝေးကြီးထွက်မပြေးဘဲ ရပ်သွားခဲ့ပြီ… ဒီကောင့်မှာ လှည့်ကွက်တွေအပြည့်ရှိတယ်… ငါတို့အားလုံး အတူတူသွားတာက ပိုပြီးအန္တရာယ်ကင်းလိမ့်မယ်….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now