Ch 1122 - 1124

98 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 82

Chapter-4

(နတ်ဘုရားတာအို အဆင့်သုံးဆင့်)

ဒီအကြောင်းကြောင့်ပဲ  နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတွေက  နတ်ဘုရားနယ်မြေကို စွန့်ခွာသွားခဲ့ကြတာလား….. 

ဒါပေမဲ့ သူတို့က ဘယ်နေရာကို သွားကြတာလဲ…..

ဒီနတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်မှာ အခြားနယ်မြေတွေ ရှိနေသေးတာလား…..

မရေမတွက်နိုင်သော မေးခွန်းများက ယီယွမ်၏စိတ်ထဲ၌ ထွက်ပေါ်လာခဲ့ပြီး သူက  ထိုမေးခွန်းများကို မတွေးဘဲမနေနိုင်ခဲ့ပေ။

နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ ပျောက်ကွယ်သွားမှု၏ နောက်ကွယ်မှ မေးခွန်းများက အမှန်တကယ် များပြားလွန်းလှသည်။

ပို၍လေ့လာစဥ်းစားကြည့်လေ နားလည်ရန်ပိုမိုခက်ခဲလာကြောင်း တွေ့ရလေဖြစ်သည်။ 

"လက်ရှိအချိန်မှာ နတ်ဘုရားနယ်မြေရဲ့ မိုးကောင်းကင်တာအိုက ချို့တဲ့နေတယ်လို့ လူတွေပြောတာကို ကျွန်တော်ကြားဖူးပါတယ်… စီနီယာ… ဒီအဖြစ်အပျက်ကို ဖြေရှင်းဖို့ နည်းလမ်းရှိလားလို့ သိချင်မိပါတယ်….." ယီယွမ်က မေးမြန်းလိုက်၏။

"နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတွေက နတ်ဘုရားတွေမဟုတ်ဘူး… နတ်တန်ခိုးရှင်အဆင့်ဆိုတာ အခေါ်အဝေါ်တစ်ခုသက်သက်ပဲ… တကယ်လို့ မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတွေဆိုရင်တောင် မိုးကောင်းကင်တာအိုကို ထိန်းချုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူး… သူတို့က ပိုပြီးအဆင့်မြင့်တဲ့ ဥပဒေသစွမ်းအားတွေကို ငှားယူအသုံးပြုနိုင်တယ်လို့ ပြောလို့ရတယ်… နတ်ဘုရားတာအို ပျောက်ကွယ်သွားပြီဆိုတော့ ဘယ်သူကမှ ဒီအဖြစ်အပျက်ကို မပြောင်းလဲနိုင်တော့ဘူး… ဒါမှမဟုတ် မင်းက ပျောက်ကွယ်နေတဲ့ မိုးကောင်းကင်တာအိုကို ပြန်ပြီးရှာတွေ့ဖို့လိုတာပေါ့… အဲဒါဆိုရင် အကုန်အဆင်ပြေသွားလိမ့်မယ်….." ဆန်းကြယ်သောပုဂ္ဂိုလ်က ပြောလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now